Spam အဖြစ် မှားပြီး Ban လိုက်မိတဲ့ Channels များကို YouTube မှ ပြန်လည်တောင်းပန်

အောက်တိုဘာလ (၃) ရက်နေ့ ညတုန်းက YouTube ဟာ Channels တချို့ကို “Spam & Deceptive Practices” အဖြစ်နဲ့ မှားယွင်းစွာ Ban လိုက်မိတဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

မှားပြီး Ban ခံထိသွားတဲ့ Channels များဟာ YouTube ပေါ်မှ လုံးဝပျောက်သွားတဲ့အတွက် Channels ပိုင်ရှင်များနဲ့ အားပေးသူ ပရိတ်သတ်များမှ Reports များ ပေးလာသဖြင့် ချက်ချင်း ပြန်လည်း စိစစ်ကာ ပြင်ဆင်ပေးနေကြောင်း YouTube ရဲ့ ပြောပြမှုအရ သိရပါတယ်။ အောက်တိုဘာလ (၄) ရက်နေ့ မနက်ပိုင်းမှာတော့ Channels အားလုံးကို ပိုင်ရှင်များထံသို့ ပြန်လည်ရရှိအောင် ပြုလုပ်ပေးနိုင််ခဲ့ပြီ ဖြစ်ကြောင်း YouTube မှ ထုတ်ပြန်ခဲ့ပါတယ်။ သို့ပေမယ့် တချို့ Channels များမှာတော့ Playlist ဟာ အနည်းငယ် နောက်ကျမှာ ဖြစ်ကြောင်းနဲ့ စိတ်ရှည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်းYouTube က ပြောပါတယ်။

အောက်တိုဘာလ (၄) ရက်နေ့ ညနေပိုင်းမှာတော့ YouTube ဟာ ပြဿနာအားလုံးကို ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း X Social Media Platform ပေါ်မှာ ကြေငြာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဘာကြောင့် အခုလို Error ဖြစ်သွားရသလဲဆိုတာကို YouTube ဘက်မှ ပြောပြထားခြင်း မရှိသေးပါဘူး။

Exit mobile version