YouTube မှာ “Peak Point” ဆိုတဲ့ AI နည်းပညာသုံး Ads System ကို စတင်အသုံးပြုမည်

YouTube မှာကြော်ငြာတွေကို မြင်ရတာ မထူးဆန်းဘူးဆိုပေ့မယ့် Google က အခုမိတ်ဆက်လိုက်တဲ့ “Peak Point” ဆိုတဲ့ Ads Format ကတော့ Viewer တွေရဲ့ ခံစားချက်ကို မူတည်ပြီး AI နည်းပညာသုံးကာ ကြော်ငြာထည့်သွင်းမယ့် Ads System တစ်ခုဖြစ်ပါတယ်။

အဆိုပါ System ကို YouTube ရဲ့ Upfront Event မှာ ကြေညာခဲ့တာ ဖြစ်ပြီး Google ရဲ့ Gemini AI ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ “Peak Point” မှာပါတဲ့ AI ကဘယ်လို အလုပ်လုပ်လဲဆိုတော့ Video တစ်ခုကြည့်နေတဲ့ အချိန် Video ထဲက Emotionally Powerful ဖြစ်တဲ့အချိန်တွေ (ဥပမာ – Surprise Proposal, Drama Reveal တို့လိုမျိုး) Video အခိုက်တန့်တွေမှာ AI က Viewer တွေရဲ့ အာရုံအပြည့်စိုက်ထားတဲ့အချိန်မှာ ကြော်ငြာထည့်ပေးမှာ ဖြစ်ပါတယ်။

YouTube မှာ “Peak Point” ဆိုတဲ့ AI နည်းပညာသုံး Ads System ကို စတင်အသုံးပြုမည်

Company ဘက်ကတော့ Peak Point ကို “Emotion-Based Targeting” ဆိုတဲ့ Advertising System ကိုအသုံးပြုထားတယ်လို့ ဆိုပါတယ်။ Video ရဲ့ High Scene ဖြစ်နေအချိန်မှာ Ads ကဝင်မယ်ဆိုတာ့ Viewer တွေအတွက် စိတ်ကသိကအောက်ဖြစ်မှာတော့ အသေချာပါပဲ။ နောက်ပြီး YouTube က “Shoppable Product Feed” ဆိုတဲ့ Feature တစ်ခုကိုလဲ မိတ်ဆက်ထားပါတယ်။ အဆိုပါ Feature ကတော့ ကြော်ငြာပြသနေချိန်မှာတင် ထုတ်ကုန်တွေကို Browse လုပ်ပြီး ဝယ်ယူနိုင်တဲ့ e-commerce feature တစ်ခုဖြစ်ပါတယ်။

YouTube ရဲ့ “Peak Point” က စိတ်လှုပ်ရှားမှုမြင့်တဲ့အချိန်မှာ ကြော်ငြာတက်လာတာ မို့ ပိုပြီးထိရောက်နိုင်မှာ ဖြစ်ပြီး Advertiser တွေအတွက်တော့ ရောင်းအားတက်စေနိုင်ကာ ပိုပြီးထိရောက်တဲ့ Ads System တစ်ခုဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလဲ Viewer တွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အခြေနေမျိုး ရှိလာနိုင်မှာ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version