Creator အသစ်များကို အကျိုးပြုမယ့် Hype Feature ပါဝင်လာတဲ့ YouTube

YouTube ဟာ Creator အသစ်များအတွက် ရည်ရွယ်ပြီး Hype Feature ကို ထည့်သွင်းပေးလိုက်ပါတယ်။ YouTube ရဲ့ ထုတ်ကုန်စီမံခန့်ခွဲရေး ဒါရိုက်တာ Bangaly Kaba ပြောပြမှုအရ Subscribers ၅ သိန်းအောက်ရှိတဲ့ Creator တိုင်း YouTube Hype ကို ရရှိမှာ ဖြစ်ပြီး ၎င်းကြောင့် မိမိ Channel ဟာ ပိုမိုကြီးထွားလာမှာ ဖြစ်သလို အကျိုးအမြတ်များလည်း ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

YouTube ရဲ့ လက်ရှိ အလုပ်လုပ်နေတဲ့ Algorithm အရ Channel အကြီးများဟာ Views များပြီးသား ဖြစ်တာကြောင့် ကြီးသထပ် ကြီးလာပြီး Channel အသေးများမှာတော့ သေးသထပ် သေးသွားတာကြောင့် အခုလိုမျိုး Hype Feature ကို ထည့်သွင်းလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။ YouTube အသုံးပြုသူ တစ်ဦးဟာ တစ်ပတ်တွင် Hype Point (၂) ခုကို ရရှိမှာ ဖြစ်ပြီး မိမိ ကြိုက်နှစ်သက်တဲ့ Video ကို ၎င်း Hype Point ပေးနိုင်မှာ ဖြစ်ပါတယ်။ Hype Point များလာတဲ့ Creator တစ်ဦးရဲ့ Video တွေဟာ လူကြည့်များတဲ့ Channel က Video တွေလိုမျိုး လူတိုင်းရဲ့ Screen ပေါ်မှာ အလိုအလျှောက် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ Creator နဲ့ Viewer တို့ အကြား ရင်းနှီးမှုကို ပိုမိုရရှိစေမှာ ဖြစ်သလို အမာခံ ပရိတ်သတ်များအတွက်လည်း ကိုယ်ကြိုက်တဲ့ Creator ကို အားပေးရာမှာ ပိုမိုထိရောက်လာစေပါတယ်။ ဒါတင်မကပဲ Creator များဟာ Hype Point တစ်ခုရတိုင်း ဝင်ငွေရရှိမှာ ဖြစ်ပြီး ဘယ်လောက်ရမလဲ ဆိုတာကိုတော့ Bangaly Kaba က မပြောပြခဲ့ပါဘူး။

လက်ရှိ YouTube ရဲ့ လူကြည့်အများဆုံး Video ၁၀၀ စာရင်းဟာ ပြောင်းလဲမှုမရှိပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်သော်လည်း နောက်ပိုင်းမှာတော့ Views တစ်ခုတည်းနဲ့ ၎င်းစာရင်းထဲကို ဝင်နိုင်တော့မှာ မဟုတ်ပဲ Hype Points တွေကိုပါ ထည့်သွင်းတွက်ချက်သွားမှာ ဖြစ်တာကြောင့် Channel အသေးများအတွက် အရမ်းကောင်းတဲ့ အခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ်။

Exit mobile version