YouTube မှာ Video များကို Adblockers သုံးပြီး ကြည့်မယ်ဆိုပါက Skip လုပ်သွားမည်

Google ရဲ့ Social media platform တစ်ခုဖြစ်တဲ့ YouTube မှာ Video များကို Adblocker များ အသုံးပြုပြီး ကြည့်မယ်ဆိုပါက ကြည့်နေတဲ့ Video ကို Auto skip လုပ်လိုက်မှာဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးခင်ကဘဲ YouTube က adblocker များကိုသုံးပြုနေကြတဲ့ သူများကို အသုံးမပြုရန် တိုက်တွန်းခဲ့ပြီး adblocker ကိုအသုံးပြုနေတယ်ဆိုရင် ပိတ်ရန် အကြောင်းကြားစာ တက်လာမှာဖြစ်ပါတယ်။

YouTube Video များကို Ad blockers သုံးကြည့်မယ်ဆိုပါက Skip လုပ်သွားမည်

အခုပြုလုပ်လိုက်တဲ့ Update မှာကတော့ YouTube Video များကို ပုံမှန်အတိုင်းကြည့်မယ်ဆိုပါက ဘာမှမဖြစ်ပဲ အဆင်ပြေနေမှာဖြစ်ပြီး Ad blocker အသုံးပြုပြီး Video ကြည့်မယ်ဆိုပါက Video ကိုအစအဆုံးကြည့်လို့ ရတော့မှာမဟုတ်ဘဲ အဆုံးထိ Skip လုပ်သွားမှာဖြစ်ပါတယ်။

Ad blocker ဖွင့်ထားတဲ့ အချိန်ဆို Video များက အမြဲ Skip လုပ်နေမှာ ဖြစ်ပါတယ်။ Blocker များပိတ်လိုက်မှသာ Video ကို အစအဆုံးကြည့်နိုင်မှာ ဖြစ်ပါတယ်။ Video skipping ပြုလုပ်ခြင်းက ခုချိန်ထိတော့ Ad blocker အသုံးပြုတဲ့ လူတိုင်းမှာ ဖြစ်နေတာမဟုတ်ဘဲ User အချို့မှာဘဲ ဖြစ်နေကြောင်း သိရပါတယ်။

Exit mobile version