သင့်ရဲ့ Gmail Address ကို မကြာမှီ ပြောင်းလဲခွင့် ရတော့မည်

အသုံးပြုသူများဟာ မကြာတော့တဲ့ အချိန်မှာ မိမိတို့ရဲ့ Gmail Address တွေကို ပြောင်းလဲ သတ်မှတ်ခွင့် ရရှိတော့မှာ ဖြစ်ကြောင်း Google ရဲ့ ပံ့ပိုးမှု ရရှိထားတဲ့ Hindi Page က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Gmail Address အသစ်ကို သတ်မှတ်လိုက်မယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ Gmail Address အဟောင်းဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပဲ နာမည်ဝှက်တစ်ခု အနေနဲ့ ဆက်လက် တည်ရှိနေမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် Gmail Account အသစ်အဖြစ် ပြောင်းလဲသွားမှာ မဟုတ်သလို Gmail ထဲမှာရှိတဲ့ အချက်အလက်များဟာလည်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

၎င်း Feature ကို အသုံးပြုသူ အားလုံးဆီကို ဖြည်းဖြည်းခြင်း ထည့်သွင်းပေးသွားမှာ ဖြစ်ကြောင်း သိရပြီး အရင်ဦးဆုံး Google Pixel တွေမှာ ရရှိမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ Gmail Address ပြောင်းလဲခြင်းနဲ့ ပတ်သက်လို့ Google ဘက်က တရားဝင် ပြောကြားထားတာမျိုး မရှိသေးပဲ တကယ်လို့ ပြောင်းလဲခွင့် ပေးခဲ့မယ်ဆိုရင်လည်း @gmail.com ကိုတော့ ပြောင်းလဲခွင့်ပေးမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြတာ တွေ့ရပါတယ်။

Exit mobile version