Xbox ရဲ့ သက်တမ်းရင့် ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Larry Hryb က Microsoft မှနှုတ်ထွက်တော့ မည်ဖြစ်ကြောင်းကြေညာ

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် လောက်ကတည်းက Xbox မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Xbox Company ရဲ့ အရေးပါသူ Larry Hryb(Major Nelson) က Company ကထွက်ခွာတော့ မည်ဖြစ်ကြောင်း Microsoft ကကြေညာခဲ့ပါတယ်။ Xbox ရဲ့ Major Nelson လို့ လူသိများတဲ့ Hryb က Original Xbox နဲ့ Xbox Live အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းစတင်ကတည်းက ခုချိန်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

မကြာခင် Xbox Company ကနေ အနားယူတော့မှာဖြစ်တဲ့ Larry Hryb

Larry Hryb က Microsoft ရဲ့ Official Xbox Podcast အစီစဉ်ကို ဦးဆောင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူထွက်သွားပြီး နောက်ပိုင်း Xbox Podcast အစီစဉ်ကို ခနတာရပ်ဆိုင်းထားမှာ ဖြစ်ပြီး မကြာခင်မှာ ပိုမိုကောင်းမွန်တဲ့ ပုံစံအသစ်နဲ့ Podcast အစီစဉ်ကို ပြန်လည်ထုတ်လွင့်မှာဖြစ်တယ်လို့ Hryb ကိုယ်တိုင်က ပြောကြားခဲ့ပါတယ်။ Twitter ပေါ်မှာ Microsoft Gaming ရဲ့ CEO ဖြစ်သူ Phil Spencer ရဲ့ Official PlayStation Account တို့ကနေ Larry Hryb ကျေးဇူးတင်ကြောင်း စကားတွေ မျှဝေခဲ့ပြီး Xbox ရဲ့ PR Agency တစ်ခုမှ အလုပ်လုပ်နေတဲ့ Ralph Jodice က Xbox နဲ့ Larry Hryb ကြားက အမှတ်တရဓာတ်ပုံများ ကို မျှဝေခဲ့ပါတယ်။ အခုချိန်မှာ Larry Hryb က မိသားစုတွေနဲ့ အတူ နွေရာသီအပန်းဖြေခရီး တစ်ခုထွက်နေပြီး နောက်ပိုင်း သူဘာတွေဆက်လုပ်မလဲဆိုတာတော့ မသိရသေးပါ။

Exit mobile version