နိုဝင်ဘာလမှ စလို့ Xbox တွင် Live Stream ပြုလုပ်နိုင်မယ့် Feature ပါဝင်လာတော့မည်

Microsoft ဟာ နောက်လမှစပြီး Xbox ရဲ့ Game Pass Library ထဲရှိ Games များကို Live Stream ပြုလုပ်နိုင်ဖို့ အစီအစဥ်အား ချပြလိုက်တာ ဖြစ်ပါတယ်။

Microsoft ရဲ့ ရှင်းပြထားချက်အရ နိုဝင်ဘာလမှ စပြီး Xbox Game Pass Library ထဲမှာရှိတဲ့ Games တွေကို Live Stream ပြုလုပ်ခွင့် ပေးတော့မှာ ဖြစ်သလို Xbox Cloud Gaming Server အတွင်းရှိ Games များကိုလည်း ချဲ့ထွင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလို ပြုလုပ်ရခြင်းဟာ Xbox ကို အသုံးပြုသူ ပိုများလာစေဖို့ ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

Xbox Cloud Gaming ကို ချဲ့ထွင်ခြင်းနဲ့အတူ Mobile ဖုန်းတွေ အတွက် Xbox Software ကိုပါ ထုတ်ပေးမှာ ဖြစ်ပြီး Live Stream ကို Mobile ဖုန်းနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း Microsoft ရဲ့ ပြောပြမှုအရ သိရပါတယ်။ Xbox အတွင်း Live Stream ပြုလုပ်နိုင်မယ့် Feature ဟာ Gamers များအတွက် အသုံးဝင်တဲ့ Feature ဖြစ်ပေမယ့် Xbox Cloud Gaming အတွင်း ချဲ့ထွင်ပေးမယ့် ထောင်နဲ့ချီတဲ့ Games တွေထဲမှာ လူတွေ စိတ်ဝင်စားနိုင်မယ့် Games ဘယ်နှစ်မျိုးလောက်အထိ ပါဝင်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version