Xbox Brand ကို ဝယ်ယူလိုက်တဲ့ NVIDIA

Computer chipset တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ NVIDIA company က Xbox brand ကို ဝယ်ယူလိုက်ပါပြီ။ ၂၀၂၅ ခုနှစ်မှာတော့ GPU အသစ်တွေနှင့် AI features တွေပါဝင်တဲ့ Xbox က Sony ရဲ့ Playstation ကို ကျော်တက်သွားမလားဆိုတာတော့ Gamers တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

Xbox Brand ကို ဝယ်ယူလိုက်တဲ့ NVIDIA 1

ဒီသတင်းက လက်ရှိ Gaming အသိုင်းအဝိုင်းမှာ အံ့အားသင့်မှုတွေ ဖြစ်နေပါတယ်။ NVIDIA ရဲ့ပြောကြားချက်အရ နောင်ထွက်ရှိလာမည့် Gaming Console တွေက GPU နည်းပညာတွေကိုသာ သာလွန်ကောင်းမွန်စေရုံမက next-generation AI ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို လုပ်ဆောင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ Xbox ရဲ့ တစ်ဦးတည်းသော ပြိုင်ဖက်ဖြစ်တဲ့ Sony ကတော့ ဒီသတင်းကြားပြီး စောင့်ကြည့်နေပါတယ်။​ Gaming လောကမှ ကျွမ်းကျင်သူတွေနှင့် Game developers တွေကတော့ NVIDIA ရဲ့ ခြေလှမ်းသစ်က Gaming လောကကို တစ်ခေတ် ပြောင်းလဲသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ AI ရဲ့ power ကြောင့် Graphics တွေက တစ်ကယ့်အပြင်ရုပ်ထွက်နှင့် တော်တော်လေးနီးစပ်ပြီး တူလာနိုင်ပါတယ်။ ဒါ့အပြင် players တွေရဲ့ ကစားပုံတွေကို ကြည့်ပြီး လေ့လာနိုင်တဲ့ စွမ်းဆောင်ရည်တွေလည်း ကောင်းမွန်လာနိုင်ပါတယ်။

Xbox Brand ကို ဝယ်ယူလိုက်တဲ့ NVIDIA 2

ဒီနေ့က April 1 ရက်နေ့ဖြစ်တာကြောင့် ဒီသတင်းနှင့် ပတ်သက်ပြီး တစ်ချို့ကလည်း April Fool ဆိုပြီး သတ်မှတ်နေကြပါတယ်။ တစ်ကယ်မှန်ကန်တဲ့သတင်း ဟုတ်မဟုတ်ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ NVIDIA ရဲ့ console တစ်ကယ်ထွက်ရှိလာမယ်ဆိုရင်တော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Sony ရဲ့ Playstation 6 ထက် ၂ နှစ်စောပြီး ထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် Date ကတော့ April ၁ရက်နေ့ 2025 ခုနှစ် ဖြစ်ပါတယ်။

Exit mobile version