X က Grok Ai Chatbot အတွက် iPhone app ကို US Region မှာစတင်မိတ်ဆက်ခဲ့ကြောင်း သိရှိရပါတယ်။ Standalone (can work offline) app ကို X က Beta Version အနေဖြင့် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အရင်က X Platform ထည့်သွင်းခဲ့တဲ့ အတိုင်း အချိန်နှင့်တပြေးညီ သတင်းအချက်အလက် ရယူခြင်း၊ မေးခွန်းများကို ဖြေကြားခြင်းနှင့် ပုံရိပ်ဖန်တီးခြင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Grok ကို အရင်တည်းက X မှာ Premium အသုံးပြုသူတွေ အတွက်ရရှိနေတာ ဖြစ်ပြီး ခုချိန်မှာတော့ အခြား Chatbot တွေအတိုင်း လူတိုင်း အခမဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး သတင်းများ အရ X သည် Grok.com Website တစ်ခုကိုလဲ “Coming Soon” အနေဖြင့် ဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Grok ရဲ့ Standalone iOS App ကို ၂၀၂၄၊ ဒီဇင်ဘာလ ကတည်းက နိုင်ငံအချို့မှာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး၊ Android အတွက်တော့ ဘယ်နေ့စတင် ထုတ်လုပ်ပေးမလဲဆိုတာတော့ မသိရသေးပါဘူး။