WWDC ပွဲမတိုင်ခင် Apple ရဲ့ macOS 26 အမည်ပေါက်ကြား

လာမယ့် June 9 မှာ ကျင်းပမယ့် Apple WWDC25 ပွဲမတိုင်ခင် “macOS Tahoe” ခေါ်တဲ့ OS26 ရဲ့ အမည်က ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို Bloomberg သတင်းဌာနက Mark Gurman က Power On သတင်းလွှာမှာ June 1 ရက်နေ့ကပြောကြားခဲ့တာဖြစ်ပြီး macOS 26 ကို ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ လှပတဲ့ Lake Tahoe ကိုအစွဲပြုပြီး macOS Tahoe လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

WWDC ပွဲမတိုင်ခင် Apple ရဲ့ macOS 26 အမည်ပေါက်ကြား

Apple ဟာ အရင်တုန်းက Mac operating system တွေကို Cheetah, Tiger, Leopard, Lion စတဲ့ သက်ရှိမျိုးနွယ်တွေရဲ့ နာမည်တွေကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာတော့ OS X Mavericks ကစပြီး Yosemite, Monterey, Sonoma, Sequoia စတဲ့ ကယ်လီဖိုးနီးယားအခြေပြု နာမည်တွေကို ပြောင်းလဲပေးခဲ့ပါတယ်။

မကြာခင်ထွက်ရှိမယ့် macOS 26 ရဲ့ အမည်ကိုလဲ Lake Tahoe ရေကန်ကို အစွဲပြုပြီး “macOS Tahoe” လို့ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ WWDC 2025 မှာ macOS 26 ကို iOS 26, iPadOS 26, watchOS 26, tvOS 26, visionOS 26 တို့နဲ့အတူ မိတ်ဆက်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

ADVERTISEMENT
Exit mobile version