မကြာခင် Windows 11 မှာ iPhone ရဲ့ iMessage ကိုအသုံးပြု၍ ရတော့မည်

Microsoft ရဲ့  Phone Link Update မှာ iPhone User တွေအတွက် iMessage ကို Windows 11 မှာချိန်ဆက် အသုံးပြုလို့ ရတော့မှာဖြစ်ပါတယ်။ Phone Link Update မှာ iOS Device တွေအတွက် Support ပေးနိုင်မယ့် Feature ကို ထည့်သွင်းထားတယ်လို့ Microsoft က ထုတ်ပြန်ခဲ့ပါတယ်။ iPhone User တွေက Windows 11 ရဲ့ အဆိုပါ App မှာ iMessage ကို အသုံးပြုပြီး Message ပေးပို့တာ၊ လက်ခံတာ၊ တစ်ခြား App Notification များကို Computer မှာတစ်ဆင့် ချိန်ဆက် ကြည့်လို့ ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ  Phone Link နောက်ဆုံး Update ကို နိုင်ငံပေါင်း ၈၅ နိုင်ငံက အသုံးပြုသူတွေစီ Automatically Update ရမှာဖြစ်ပြီး မိမိမှာ မရရှိသေးပါက Windows 11 ရဲ့ Microsoft Store မှာဝင်ရောက် Update လုပ်နိုင်မှာဖြစ်ပါတယ်။

Exit mobile version