Wi-Fi နှင့်မတူတဲ့ Li-Fi နည်းပညာ

အင်တာနက်ကို ချိတ်ဆက်ဖို့ မီးခလုတ်ဖွင့်သလို ရိုးရှင်းတဲ့ Li-Fi အကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ နည်းပညာ အသစ်ဖြစ်တဲ့ Li-Fi က Wi-Fi နှင့်မတူညီတဲ့ အားသာချက်တွေလည်းရှိပေမယ့် ယခုအချိန်မှာ Wi-Fi အားလုံးကို Li-Fi နှင့်အစားထိုးဖို့က စောတယ်လို့ ပြောလို့ရပါသေးတယ်။

Li-Fi ဆိုတာဘာလဲ?

Li-Fi ဆိုတာက data တွေအသွားအပြန်လုပ်ဆောင်ပေးဖို့အတွက် light power ကို အသုံးပြုတာဖြစ်ပါတယ်။ Wi-Fi နှင့်မတူတဲ့အချက်က Wi-Fi က ရေဒီယိုလှိုင်းကို ဖန်တီးပြီး wireless connection ကိုဖန်တီးတာဖြစ်ပါတယ်။ Li-Fi က အလင်းအပေါ်မှီခိုအားထားပြီး ဒေတာတွေကို ပို့ဆောင်ရယူရတာဖြစ်ပါတယ်။ Wi-Fi ထက် လုပ်ဆောင်ချက် အဆတစ်ရာမြန်တယ်လို့လည်း တွေ့ရှိသူတွေက အတည်ပြုကြပါတယ်။ ၂၀၀၀ခုနှစ် အစောပိုင်းလောက်တည်းက သုတေသနတွေလုပ်နေခဲ့ကြပြီး ဂျာမန်သိပ္ပံပညာရှင် Harald Haas က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြင်သစ် company Oldecomm က စတင်စမ်းသပ်ခဲ့ပါတယ်။

Wi-Fi နှင့်မတူတဲ့ Li-Fi နည်းပညာ 1

ပုံမှာမြင်တွေ့ရတဲ့အတိုင်း LED မီးလုံးကထွက်တဲ့​ အလင်းတန်းကတစ်ဆင့် data တွေကို ပို့ဆောင်ရယူတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကို သာမန်မျက်စိနှင့်မမြင်နိုင်ပါဘူး။ Speed အရ မြန်ပြီး နံရံတွေကိုလည်းဖြတ်ပြီး data စီးဆင်းမှုတွေ မလုပ်နိုင်တာကြောင့် Li-Fi က လုံခြုံရေးအရပြောရမယ်ဆိုရင်လည်း အရမ်းကောင်းမွန်ပါတယ်။ Li-Fi ရဲ့အားနည်းချက်ကတော့ internet provider က speed နှေးတဲ့အခါမျိုးနှင့် range အကွာအဝေးအများကြီး မသွားနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ company တွေက ကိုယ်တိုင် investment လုပ်နေကြပြီး အကျယ်တဝင့်သုံးဖို့အတွက်တော့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ Li-Fi နည်းပညာကို အစိုးရဌာနတွေမှာတော့ အသုံးပြုနေကြပြီး လုံခြုံရေးအတွက် ကောင်းမွန်တယ်လို့ ယူဆကြပါတယ်။ သာမန်လူတွေအတွက် သုံးဖို့က ကန့်သတ်ချက်တွေရှိနေသေးတာကြောင့် အနာဂတ်မှာ Li-Fi နည်းပညာကို ဒီထက်ပိုကောင်းအောင် ပြုလုပ်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version