WhatsApp က ၎င်းတို့ရဲ့ Security System အတွက် Passkey Feature ကို အသုံးပြုရန် လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ Passkey ကို FIDO Alliance က ဖန်တီးထားပြီး Apple, Google နဲ့ Microsoft တို့က Support ပေးထားတဲ့ Authentication Standard Feature တစ်ခုဖြစ်ပါတယ်။ Passkey System က မိမိတို့ရဲ့ Facebook, Gmail, အစရှိတဲ့ Personal Acc တွေကို Login ဝင်တဲ့ အခါ Password ရိုက်ထည့်စရာ မလိုဘဲ Fingerprint, Face Scan စတဲ့ Biometric Data တွေနဲ့ အလွယ်တကူဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Passkey က သမရိုးကျ စကားဝှက်များထက် အသုံးပြုရတာ လွယ်ကူပြီး မိမိတို့ အကောင့်ကို ပိုမိုလုံခြုံစေပါတယ်။ Password ခနခန မေ့နေတဲ့ သူတွေအတွက် Passkey Authentication Feature က ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လောက်က Apple သည် ၎င်းတို့ရဲ့ iOS 17, iPadOS 17 နဲ့ macOS Sonoma တို့မှာ Apple ID Account များသို့ ဝင်တဲ့အခါ Passkey Authentication System သို့ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။