WhatsApp တွင် ၃၂ ဦးနှင့်အထက် Video Call ပြုလုပ်နိုင်ပြီ

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက WhatsApp အတွက် Video Call နှင့် သက်ဆိုင်တဲ့ Featuers အသစ် တချို့ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်း Features များတွင် Screen Sharing ပြုလုပ်ရင် အသံကိုပါ Share လုပ်နိုင်ခြင်း၊ စကားပြောသူအား ဦးစားပေး ပြပေးခြင်းနှင့် ၃၂ ဦးနှင့် အထက်အထိ Video Call ပြုလုပ်နိုင်ခြင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Screen Sharing ပြုလုပ်ရာတွင် အသံကိုပါ Share ပြုလုပ်နိုင်ခြင်းကြောင်း မိမိနဲ့ စကားပြောနေသူနဲ့အတူ ရုပ်ရှင်ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ ဒုတိယ Feature ဖြစ်တဲ့ စကားပြောသူအား ဦးစားပေး ပြပေးနိုင်ခြင်းကြောင့် Group Call နဲ့ Meeting ပြုလုပ်ရာတွင် များစွာအထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် WhatsApp ကို Mobile မှ အသုံးပြုမယ်ဆိုရင် (၃၂) ဦးအထိသာ Video Call ပြုလုပ်နိုင်မှာ ဖြစ်ပြီး Windows နှင့် ပြုလုပ်ပါက (၁၆) ဦးနှင့် Mac နဲ့ဆို (၈) ဦးအထိသာ အသီးသီး Video Call ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ မည်သည့် Devices မှာမဆို ၃၂ နှင့် အထက်အထိ Video Call ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

Meta ဟာ WhatsApp ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုအသုံးဝင်တဲ့ Featuers အသစ်များကို ထည့်သွင်းပေးနေတာ တွေ့ရပြီး အခု ထပ်မံထည့်သွင်းပေးလိုက်တဲ့ Features များဟာလည်း Video Call ပြုလုပ်ရာတွင် များစွာ အသုံးဝင်စေမယ့် Featuers အသစ်များပဲ ဖြစ်ပါတယ်။

Exit mobile version