WhatsApp က ပိုက်ဆံဘယ်လိုရှာလဲ

ယနေ့လူတွေတော်တော်များများ social media တွေကိုအသုံးပြုကြပေမယ့် သူတို့တွေ ပိုက်ဆံဘယ်လိုရှာလဲဆိုတာတော့ သိတဲ့လူနည်းကြပါတယ်။ ဥပမာအားဖြင့် Facebook ရဲ့ မိခင် company ဖြစ်တဲ့ Meta က Advertising လုပ်တဲ့ clients တွေဆီက အဓိကပိုက်ဆံရတယ်ဆိုတာ သိကြပါတယ်။ အလားတူ Dating Apps တွေကလည်း users တွေဆီက လစဥ်ကြေးယူပြီး ငွေရှာကြတယ်ဆိုတာ သိကြပါတယ်။ Youtube ကလည်း Meta နှင့် ပိုက်ဆံရှာပုံရှာနည်း ဆင်တူပါတယ်။ WhatsApp ကို Meta က ၀ယ်ယူထားတယ်ဆိုတာတော့ လူတိုင်းသိကြပေမယ့် ပိုက်ဆံဘယ်လိုရှာလဲဆိုတော့ သိပ်မသိကြပါဘူး။ လူတိုင်း WhatsApp ကို အခမဲ့အသုံးပြုကြပြီး နောက်ကွယ်က servers ကုန်ကျစရိတ်တွေနှင့် အခြားသော ကုန်ကျစရိတ်တွေကို ဘယ်လို cover ဖြစ်အောင် run နေလဲဆိုတော့ သိတဲ့သူနည်းကျပါတယ်။ အများထင်တာက WhatsApp ရဲ့ ကုန်ကျစရိတ်တွေကို မိခင် company ဖြစ်တဲ့ Meta က စိုက်ခံထားတယ်လို့ ထင်နေကြပါတယ်။

WhatsApp က ပိုက်ဆံဘယ်လိုရှာလဲ 1

Whatsapp ကို လူတိုင်းအခမဲ့အသုံးပြုနိုင်ကြပေမယ့် company တွေအနေနှင့် users တွေကို ဆက်သွယ်မှုတွေလုပ်ချင်တဲ့အခါမှာတော့ အခမဲ့မရနိုင်ပါဘူး။ Whatsapp မှာလည်း Telegram နည်းတူ Channel တွေရှိပါတယ်။ ဥပမာ သင်စိတ်၀င်စားတဲ့ company တစ်ခုရဲ့ channel က WhatsApp မှာ ရှိရင် သင့်အနေနှင့် subscribe လုပ်ပြီး သတင်းတွေကို ကြည့်လို့ရပါတယ်။ ဒီထက်ပိုလိုချင်တဲ့ service တွေအနေနှင့် company တွေအနေနှင့် charges တွေရှိပါတယ်။ Airlines, Banks နှင့် e-commerce တွေအနေနှင့် အသုံးပြုသူတွေနှင့် ဆက်သွယ်မှုပြုလုပ်တဲ့အခါ charges တွေပေးရပါတယ်။ သတ်မှတ်ထားတဲ့ message အစောင်အရေအတွက် ကျော်သွားတဲ့အခါ message အစောင်ရေပါ်မူတည်ပြီး ပေးရပါတယ်။ လေကြောင်းလိုင်းတွေမှာ ငွေပေးချေတဲ့အခါ WhatsApp က ထွက်သွားစရာမလိုပဲ confirmation ဖြစ်ကြောင်းနှင့် အခြားသော customer support တွေအတွက် အသုံးပြုသူရော company ဖက်ကရော chat box အတွင်းမှာပဲ ဆက်သွယ်မှုပြုလုပ်နိုင်တဲ့ service မျိုး ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ WhatsApp Pay ရှိပြီး payment platform အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။

Main Investor တစ်ယောက်ဖြစ်တဲ့ WhatsApp ရဲ့ founder တွေထဲကတစ်ယောက်ဖြစ်တဲ့ Brian Acton က company လည်ပတ်ရန်အတွက် အမေရိကန်ဒေါ်လာ ၅၀ မီလီယံကိုလည်း မတည်ထားပါတယ်။ ထို့အပြင် WhatsApp ရဲ့ ငွေတွေကို ဘဏ်မှာအပ်ထားတဲ့ငွေအရ အတိုးသက်သက်တင် ၃၀၀ မီလီယံ ရတာကြောင့် company က ကောင်းစွာလည်ပတ်နတာဖြစ်ပါတယ်။ လက်ရှိမှာတော့ WhatsApp အသုံးပြုတဲ့အခါ ကြော်ငြာတွေ မတွေ့ရပေမယ့် အနာဂတ်မှာတော့ ကြော်ငြာတွေ မြင်တွေ့ရနိုင်တယ်လို့လည်း သိရပါတယ်။

Exit mobile version