Tesla ရဲ့ Master Plan 3 ကို ချပြတော့မည်

Elon Musk ရဲ့ surprise တိုက်တာ ခံရတော့မလား?

Tesla ရဲ့ CEO Elon Musk ဟာ မတ်လ ၁ရက်နေ့မှာ ကျင်းပမယ့် Tesla Investor Day event မှာ Tesla Master Plan 3 ကို ချပြသွားမည် ဖြစ်ကြောင်း သူ့ရဲ့ Twitter Post မှာ တင်ခဲ့တာဖြစ်ပါတယ်။

Elon Musk ကတော့ ကမ္ဘာမြေကြီးအတွက် အပြည့်အဝ ရေရှည်တည်တံ့နိုင်ဖို့အတွက် စွမ်းအင်တစ်ခု ဖြစ်ကြောင်းနှင့် အနာဂတ်ဟာ တောက်ပနေပြီးလို့ ရေးသားထားပါတယ်။ Elon Musk ၏ Master Plan တွေဟာ Tesla ကုမ္ပဏီတစ်ခုတည်းနှင့် သက်ဆိုင်တာ မဟုတ်ပဲ သူ၏ အခြားကုမ္ပဏီတွေဖြစ်တဲ့ SpaceX နှင့် The Boring Company တို့နှင့်လည်း သက်ဆိုင်ကြောင်းကို 2022 ခုနှစ် သြဂုတ်လက Twitter မှာ ပြောခဲ့ပါတယ်။ ဒါဆို သူရဲ့ Master Plan 1 နဲ့ 2 ကို ကြည့်လိုက်ရအောင်

Master Plan 1

Master Plan 1 ကို ၂၀၀၆ ခုနှစ် သြဂုတ်လ (၂)ရက်နေ့မှာ “The Secret Tesla Motors Master Plan (just between you and me)” ဆိုတဲ့ ခေါင်းစဥ်ဖြင့် လူတွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်က Tesla မှာ Roadster လို့ ခေါ်တဲ့ လျှပ်စစ်ပြိုင်ကား တစ်စီးပဲ ရှိခဲ့ပါတယ်။ အဲတာကြောင့် နောက်ပိုင်းမှာ မိသားစုကားတွေကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းနှင့် လျှပ်စစ်ပြိုင်ကားမှ အိမ်စီးကားတွေအဖြစ် ဘယ်လို ပြောင်းသွားမလဲ ဆိုတာအားလုံးစောင့် ကြည့်ပေးဖို့ ပြောခဲ့ပါတယ်။

ထိုပြောကြားမှုအပြီး နှစ်အနည်းငယ်လောက် ကြာပြီးနောက်မှာ Tesla Model S ကို ထုတ်လုပ်ခဲ့ပါတယ်။ Tesla Model S ကို ရောင်းချလို့ရတဲ့ ငွေတွေနဲ့ Tesla Model 3 နှင့် Model Y တို့ကို ဆက်လက် ထုတ်လုပ်ခဲ့တဲ့အပြင် Sola စနစ်တွေ အိမ်သုံး Battery တွေ အစရှိတဲ့ လူတွေအတွက် အသုံးဝင်တဲ့ အရာတွေကိုပါ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

Tesla Cars (from google)

Master Plan 2 (Part Deux)

Elon Musk ဟာ Part Deux လို့ ခေါ်တဲ့ Master Plan 2 ကို ၂၀၁၆ ခုနှစ် ဂျူလိုင်လ (၂၀)ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ အဲတာကတော့ အားလုံးသိတဲ့အတိုင်း Tesla ရဲ့ Cyber Truck ပဲ ဖြစ်ပါတယ်။ Master Plan 2 ကို ကြည့်ခြင်းဖြင့် Elon Musk ဟာ ထုတ်ကုန်တွေအတွက် သိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွေကို အာရုံစိုက်လာခဲ့တဲ့အပြင် မောင်းသူမဲ့ စနစ်တွေကိုပါ ထည့်သွင်းလာတာ တွေ့ရမှာပါ။

Tesla Cybertruck (from google)

ဒီလိုဆိုတော့ Elon Musk ရဲ့ Master Plan 3 ကဘာလဲ? Plan 1 နဲ့ 2 မှာ အဓိကထားပြီး လုပ်ဆောင်သွားတာက Tesla ကားတွေပဲ ဖြစ်ပါတယ်။ အခုထပ်လာမယ့် Plan 3 ကရော Tesla ကားပဲ ဖြစ်မလား? ကမ္ဘာမြေကြီးအတွက် အပြည့်အဝ ရေရှည်တည်တံ့နိုင်ဖို့အတွက် စွမ်းအင်တစ်ခု ဖြစ်တယ်လို့ ပြောထားလို့ တခြားမမျှော်လင့်ထားတဲ့ အရာတစ်ခုဖြစ်မလား? ဆိုတာကို မတ်လ (၁)ရက်နေ့တွင် သိရတော့မှာ ဖြစ်ပါတယ်။

Exit mobile version