Monetization ဆိုတဲ့ စကားလုံးကို Content Creator တွေ အမြဲပြောလေ့ရှိသလို လူမှုကွန်ရက်တစ်ခွင်မှာလည်း ကြားဖူးကြမှာပါ။ အချို့ကလည်း Monetization ဆိုတဲ့ စကားလုံးကို တိုက်ရိုက်မသိပေမယ့် အင်တာနက်ကနေ ပိုက်ဆံရတယ်ဆိုပြီး အကြမ်းဖျဉ်း သိထားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီနေရာမှာတော့ ကျနော်တို့ Monetization Myanmar ကနေ Monetization ဆိုတာ ဘာလဲဆိုတာကို Myanmar End User ဝက်ဘ်ဆိုဒ်မှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Monetization ဆိုတာ
အကြောင်းအရာ တစ်ခုခု၊ ကိစ္စတစ်ခုခုအပေါ်အခြေခံပြီး အကျိုးအမြတ်ဖြစ်ထွန်းစေမယ့် လုပ်ဆောင်ချက်ကို Monetization လို့ ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိင်ပါတယ်။ အကြောင်းရင်းကိစ္စတစ်ခုခုအပေါ် အခြေခံပြီး ငွေသားအကျိုးအမြတ် ဒါမှမဟုတ် ပိုင်ဆိုင်မှုအသစ်တစ်ခုခုတိုးပွားလာအောင် လုပ်တဲ့ လုပ်ဆောင်ချက်တွေ၊ နည်းလမ်းတွေကို Monetization Method လို့ခေါ်ပါတယ်။
အင်တာနက်ပေါ်ကနေ ဝင်ငွေရှာတာ၊ ကြော်ငြာတွေလက်ခံတာ စတဲ့အရာတွေအားလုံးကလဲ Monetization လို့ခေါ်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ အကြောင်းအရာအပေါ်နဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပြီး Monetization နည်းလမ်းတွေ၊ ဗျုဟာတွေလည်း မတူညီနိုင်ပါဘူး။
Social Media Monetization
Facebook, Youtube, Tiktok တို့လို Platform တွေမှာ Content တွေဖန်တီးပြီး ဝင်ငွေရရှိနေတဲ့သူတွေအကြောင်းလည်း ဖတ်ဖူးကြားဖူးကြမှာပါ။ Content ဖန်တီးသူတွေ အနေနဲ့ လူမှုကွန်ရက်ကနေ လူကြည့်များအောင် စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ဖန်တီးပြီး ကြော်ငြာတွေလက်ခံတာ၊ ပစ္စည်းတွေ ရောင်းချတာ၊ ပစ္စည်းရောင်းရင်း ကော်မရှင်ခရတာ စတဲ့အရာတွေအားလုံးကို ဆိုလိုပါတယ်။
Commercial Monetization
Commercial Monetization ကျတော့ ကုမ္ပဏီတွေအနေနဲ့ Commercial နည်းလမ်းအရ ဝင်ငွေလမ်းကြောင်းဖန်တီးတာမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် Youtube Video တွေကို ကြည့်တဲ့အခါ Free User ဆို ကြော်ငြာတွေမြင်ရပြီး Premium Member ဆိုရင်တော့ ကြော်ငြာတွေ မပါဘဲ ကိုယ်ကြည့်ချင်တဲ့ Video ကိုကြည့်နိုင်တာမျိုးပါ။ Spotify မှာဆိုရင်လည်း Audio တွေနားဆင်တဲ့အခါ Free User ဆိုရင် ကြော်ငြာတွေကို ကျော်လို့မရဘဲ Paid Member ဖြစ်မှသာလျှင် ကြော်ငြာမပါတဲ့ Audio တွေကို နားထောင်လို့ရပါတယ်။ ဒါဆိုရင်တော့ Commercial Monetization ဆိုတာကို အကြမ်းဖျဉ်း နားလည်သဘောပေါက်ပြီလို့ ထင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အထဲမှာ မပါသေးတဲ့ Monetization တွေလည်းရှိပါသေးတယ်။ ဥပမာ မိမိရဲ့ အဆောက်အဦးမှာ ကြော်ငြာဘုတ်ကြီးတွေ လက်ခံတာမျိုးတွေလည်း Monetization လို့ပြောလို့ရပါတယ်။ ဒါကြောင့် အရိုးရှင်းဆုံးသိထားရမှာက Monetization ဆိုတာ အကြောင်းရင်းကိစ္စတစ်ခုခုအပေါ် အခြေခံပြီး ငွေသားအကျိုးအမြတ် ဒါမှမဟုတ် ပိုင်ဆိုင်မှုအသစ်တစ်ခုခုတိုးပွားလာအောင် လုပ်တယ်လို့ဘဲ သိထားရင် ရပါပြီ။ အောက်ပါ ဥပမာကို ကြည့်ပါ။
အကယ်၍ သင်ဟာ စာအရေးအသားကောင်းတယ်၊ ဒါမှမဟုတ် Video Content တွေဖန်တီးရတာ နှစ်သက်တယ်၊ သီချင်းဆိုရတာ ဝါသနာပါတယ် စသဖြင့် မိမိစိတ်ဝင်စား တတ်ကျွမ်းတဲ့ Subject အပေါ်မူတည်ပြီး အင်တာနက်ပေါ်ကနေ ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးလို့ရပါတယ်။ ဒါကိုလည်း သင်ကိုယ်တိုင် သိသလို၊ ဒါကြောင့်လည်း ဒီပိုစ့်ကို အခု သင်ဖတ်နေတာလည်း ဖြစ်နိုင်ပါတယ်။
Individual Content Creator အနေနဲ့ Monetization လုပ်လို့ရတာ အချက် ၂ ချက်ရှိနိုင်ပါတယ်။
- Content Writing
- Video/Audio Content Creation
နံပတ် (၁) အချက်ဖြစ်တဲ့ Content Writing ကနေလည်း ဝင်ငွေရှာဖွေလို့ရပါတယ်။ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်ဖန်တီးပြီး ဝက်ဘ်ဆိုဒ်မှာ ကြော်ငြာလက်ခံတာတွေ၊ ပစ္စည်းတွေ ရောင်းချတာမျိုးတွေ လုပ်နိုင်ပါတယ်။
နံပတ် (၂) ကတော့ အတော်များများသိထားကြတဲ့ Video/Audio Content တွေပါ။ လူစိတ်ဝင်စားမှုအများဆုံးရရှိနိုင်တဲ့ Monetization နည်းလမ်းတစ်ခုဖြစ်ပြီး လူမှုကွန်ရက်မှာလည်း ကိုယ့်ရဲ့ ဗီဒီယိုဟာ ပျံ့နှံ့ဖို့ ပိုမိုလွယ်ကူပါတယ်။ မိမိဖန်တီးထားတဲ့ Video Content တွေမှာ ကြော်ငြာလက်ခံပြီး ဝင်ငွေရှာလို့ရပါတယ်။ Video Content တွေမှာ Ads တွေထည့်သွင်းပြီး ဝင်ငွေရှာတဲ့နည်းလမ်းမှာ လူသိအများဆုံး Platform ကတော့ Facebook နဲ့ Youtube ဘဲဖြစ်ပါတယ်။
ပြောမယ်ဆိုပြီး မပြောဖြစ်ဘဲ ဒီပိုစ့်မှာ ဖယ်ထုတ်လိုက်တဲ့ Monetization Method တစ်ခုကတော့ NFT Creation တွေအကြောင်းပါဘဲ။ ဒါကို ပြောဖို့ကျတော့ စာတွေရှည်မှာစိုးတာရယ်၊ Blockchain တွေအကြောင်းကို သေချာသိမှ နားလည်နိုင်မှာကြောင့် ဒီပိုစ့်မှာတော့ မပြောတော့ပါဘူး။
Video Content Creator အနေနဲ့ Facebook In-Stream Ads ကနေ ကြော်ငြာခတွေရနိုင်သလို Youtube ရဲ့ Partner Program ကနေလည်း ကြော်ငြာခတွေ ရနိုင်ပါတယ်။ Facebook နဲ့ Youtube ဆီက ကြော်ငြာခတွေရရှိအောင်ဖန်တီးဖို့ မသိမဖြစ် သိရမယ့်အချက်တွေ၊ မရှိမဖြစ်ရှိရမယ့် လိုအပ်ချက်တွေအကြောင်းကိုလည်း Monetization Myanmar ကနေ ထပ်မံတင်ဆက်ပေးသွားပါအုံးမယ်။
Monetize Myanmar ဆိုတာ
Monetize Myanmar ဆိုတာ Content Creator တွေအတွက် Monetization ဝန်ဆောင်မှု၊ သိထားရမယ့် Tips & Tricks လေးတွေနဲ့ Income Revenue Optimization အကြောင်းလေးတွေကို မျှဝေသွားမယ့် Page လေး ဖြစ်ပါတယ်။
Monetize Myanmar ရဲ့ Monetization Service ဟာ Video Content တွေ ဖန်တီးတဲ့ Content Creator အတွက်တင်မဟုတ်ဘဲ မိမိကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ Content တွေဖန်တီးနေသူများအတွက်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
Monetization Myanmar ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ခဲ့ပေးဖို့လည်း ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။