Content Creator ဆိုတာ ဘာလဲ?

Content Creator ကို မပြောခင် ကျနော်တို့အနေနဲ့ Content ဆိုတာဘာလဲကို အရင်ဆုံး အသေးစိတ်ခွဲခြားပြသွားပါမယ်။ ဒါမှသာ နောက်ပိုင်း မတူညီတဲ့ Content Creators, Platforms တွေအကြောင်းကို ပြောတဲ့အခါ လွယ်လွယ်ကူကူ သဘောပေါက်နိုင်မှာပါ။ ဒီပိုစ့်ကိုတော့ ကျနော်တို့ Monetize Myanmar ကနေ Myanmar End User website ပေါ်မှာ ပြန်လည်မျှဝေတာဖြစ်ပါတယ်။

Content ဆိုတာ ဘာလဲ

Content ဆိုတာ အကြောင်းအရာတစ်ခုခုကို နည်းလမ်းတစ်ခုခုသုံးပြီး ဖော်ပြတယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။ အကြောင်းအရာကိစ္စတစ်ခုခုကို လူတွေဆီ ဖော်ပြဖို့ နည်းလမ်း (၄) ခု ရှိပါတယ်။

ဒါဆိုရင်တော့ လူတွေကို တိုက်ရိုက်ဆက်သွယ်ဖော်ပြလို့ရတဲ့ အခြေခံ နည်းလမ်း(၄) ခုရှိတယ်ဆိုတာသိပါပြီ။ ဒီလိုအခြေခံ နည်းလမ်း(၄) ခုအပေါ်အခြေခံပြီး Content တွေကို ရည်ရွယ်ချက်ရှိရှိ အားထုတ်ဖန်တီးနေတဲ့သူတွေကို Content Creator လို့ခေါ်ပါတယ်။

လူမှုကွန်ရက်မှာ ထင်သာမြင်သာအရှိဆုံးကို ပြပါဆိုရင်တော့ Video Content Creator တွေလို့ဘဲ ပြောရမှာပါ။ Gaming Content တွေ၊ ပညာပေးဇာတ်လမ်းတိုတွေ၊ ဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေ တင်ဆက်သူတွေ စတဲ့ Video Content တွေကို အများကြီးတွေ့ရမှာပါ။ နောက်ပိုင်းမှာတော့ လှုပ်ရှားမှု ပုံရိပ်ဗီဒီယိုတွေ မပါဘဲ အသံတွေဘဲ ပါတဲ့ Audio Podcast တွေလည်း ခေတ်စားလာပါတယ်။ ပုံပြင်ပြောပြတာတွေ၊ သင်ခန်းစာတွေ၊ စာဖတ်ပြတာတွေ စတဲ့ Audio Content တွေကို ဖန်တီးသူတွေလည်း ရှိလာပါပြီ။

Content Creator ဆိုတာ

Content Creator ဆိုတာ မိမိမှာရှိတဲ့ စာသား၊ ပုံရိပ်၊ ဗီဒီယို၊ အသံဖိုင် စတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး စိတ်ဝင်စားဖွယ်ရာ Content အဖြစ် Presentation လုပ်သူလို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။ Content Creator အနေနဲ့ မိမိမှာ ရှိတဲ့ အချက်အလက်တွေကို စာဖတ်သူ၊ကြည့်ရှုသူ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် လုပ်နိုင်မယ့် Skill Set တွေ ရှိဖို့လိုသလို မိမိတာဝန်ယူဖန်တီးမယ့် နယ်ပယ်မှာလည်း ဗဟုသုတအားကောင်းဖို့လဲ လိုပါတယ်။

တစ်နည်းအားဖြင့် မိမိပေးချင်တဲ့ အကြောင်းအရာတစ်ခုကို အချိန်တိုအတွင်းမှာ လူတွေရဲ့ အတွေးထဲ၊ရင်ထဲရောက်အောင် အစီအစဉ်တစ်ကျ ရေးဆွဲဖန်တီးစီမံနိုင်တဲ့သူ ဖြစ်မှသာလျှင် အလားအလာကောင်းတဲ့ Content Creator တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာတော့ Content Creator တွေတိုးပွားလာသလို ခိုင်မာသော အလုပ်အကိုင် ( Life Career ) တစ်ခုအဖြစ်ပါ တည်ရှိနေပါပြီ။ အင်တာနက်တွေရှိနေသမျှ လူတွေရှိနေသမျှ လူတွေကို Content ကောင်းကောင်းကျွေးနိုင်ဖို့ Content Creator တွေက အမြဲလိုအပ်နေအုံးမှာပါ။

Monetize Myanmar အနေနဲ့ Content Creator တွေအတွက် အင်တာနက်ကနေ ဝင်ငွေဘယ်လိုဖန်တီးရမလဲဆိုတာနဲ့ ပတ်သတ်ပြီး နောက်ထပ် ပိုစ့်အနေနဲ့ တင်ဆက်ဖို့ ရှိပါသေးတယ်။ ဒါကြောင့် Monetize Myanmar ရဲ့ Facebook Page လေးကိုလည်း Like and Follow လုပ်ထားပေးဖို့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

#contentcreator #contentcreatormyanmar #monetizationmyanmar #အင်တာနက်ဝင်ငွေ #အလုပ်အကိုင် #Online အလုပ်အကိုင်

Exit mobile version