Video တစ်ခုဖန်တီးဖို့အတွက် လူကိုယ်တိုင်တောင် ပါစရာမလိုပဲ ဖန်တီးပေးနိုင်တဲ့ HeyGen

Youtuber (သို့) လုပ်ငန်းကြော်ငြာအတွက်၊ ဗဟုသုတအဖြစ် Video တွေဖန်တီးပေးဖို့ ကွန်ပျူတာတစ်လုံးပဲ လိုပါတယ်။ သရုပ်ဆောင်ဖို့အတွက်လူတွေမလိုတဲ့အပြင် သင်ဖန်တီးချင်တဲ့အကြောင်းအရာကို စာရေးရုံနှင့် အသံပါထွက်ပြီး ပြောပေးနိုင်ပါတယ်။ Video ထဲမှာ ပါဝင်တဲ့လူကို Animated လုပ်နိုင်ပြီး ဖန်တီးနိုင်ပါတယ်။ သင့်ပုံကို ထည့်သွင်းပြီးတော့လည်း Video ထဲမှာ ပါးစပ်လှုပ်ပြီး နှစ်သက်တဲ့ ဘာသာစကားအလိုက် ပြောနိုင်ပါတယ်။

အသံ၊ ရုပ်ပုံ နှင့် Avatar တွေကို စိတ်ကြိုက် Customise ပြုလုပ်နိုင်ပြီး Template တွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ စျေးနှုန်းတွေအနေနှင့် အသုံးပြုနိုင်တဲ့ features အနည်းအများပေါ်မူတည်ပြီး တစ်လကို ၂၄ ဒေါ်လာကစပြီး ၇၂၀ ထိရှိပါတယ်။ Video တစ်ခု ဖန်တီးဖို့အတွက် ကင်မရာတောင်မလိုပဲ ကွန်ပျူတာတစ်လုံးနှင့် မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်ပါတယ်။ Script ရေးဖို့အတွက် AI အကူအညီနှင့် ရေးသားနိုင်​ပြီး သင်ကိုယ်တိုင်စိတ်ကြိုက် Customise လုပ်နိုင်ပါတယ်။ ဒါ့အပြင် Canva လိုလူသိများတဲ့ App တွေနှင့်လည်း partner လုပ်ထားတာကြောင့် အသုံးပြုရ လွယ်ကူပါတယ်။ ဘာသာစကားတော်တော်များများ ပြောနိုင်တာကြောင့်လည်း Worldwide မှာ အသုံးပြုရတာ ပိုသင့်တော်နိုင်ပါတယ်။

https://www.heygen.com/

Exit mobile version