Discord မှာ အနှောက်အယှက်ဖြစ်နေတဲ့ Username စနစ်ကို ပြောင်းလဲလိုက်ပြီ

ပြီးခဲ့တဲ့ အပတ်လောက်က Discord ရဲ့ သန်းနဲ့ချီတဲ့ Username တွေကို ပြောင်းလဲမှု လုပ်ပေးလိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။

Discord Username နောက်မှာတွဲပါနေတဲ့ ဂဏန်း(၄)လုံးကို ဖြုတ်လိုက်ပြီး အရှေ့ကနာမည်သီးသန့်ပဲ ထားပေးလိုက်တာဖြစ်ပါတယ်။ Discord ရဲ့ ပြောပြမှုအရ ဂဏန်း(၄)လုံးကို ထည့်ထားတာဟာ ခွဲခြားမှုတစ်ခုလို ဖြစ်နေတာရယ်၊ အသုံးပြုသူများ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ရာမှာ ဂဏန်းတွေကို မှတ်မိဖို့မလွယ်ကူတာကြောင့် ဖယ်ရှားလိုက်တာဖြစ်ကြောင်း သိရပါတယ်။

Username Changed in Discord

Discord အသုံးပြုသူများဟာ Username အနောက်က ဂဏန်းတွေဟာ စိတ်အနှောက်အယှက်ဖြစ်လို့ ဖြုတ်ပေးဖို့ တောင်းဆိုနေတာကြာပြီဖြစ်ပေမယ့် အခုမှ ဖြုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ Discord အသုံးပြုသူဆိုရင် Username ပြောင်းသွားပြီးလား စစ်ကြည့်ဖို့ အသိပေးလိုက်ပါတယ်။

Exit mobile version