USB-C တွေကဘာကြောင့် စျေးတွေကွာဟတာလဲ

ဒီနေ့အသုံးပြုတဲ့ Electronic Device တွေမှာအသုံးပြုတဲ့ cable တော်တော်များများက USB-C ပြောင်းသွားကြပါပြီ။ မကြာသေးမီကမှ ထွက်ရှိထားတဲ့ iPhone 15 series တွေကလည်း Type-C အဖြစ်နဲ့ထွက်ရှိလာပါပြီ။ သို့ပေမယ့် စျေးကွက်ထဲမှာ Type-C cable တွေက စျေးတွေအရမ်းကွာဟနေတာကို တွေ့ရနိုင်ပါတယ်။ Type-C ချင်းတူပေမယ့် စျေးကွာဟနေရတဲ့အကြောင်းရင်းကတော့…..

USB-C တွေကဘာကြောင့် စျေးတွေကွာဟတာလဲ 1

၅ဒေါ်လာတန် USB-C cable ကိုအရင်လေ့လာကြည့်ရအောင်။ USB-C ခေါင်းကိုအနီးကပ် scan ဖတ်ပြီးလေ့လာကြည့်တဲ့အခါ ငုတ် (၈) ခုတွေ့ရပါတယ်။ အပေါ်က ပလတ်စတစ် ပါးပါးလေး အုပ်ထားတာကိုလည်း တွေ့ရပါတယ်။ တစ်ကယ် လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ ငုတ် (၈)ခုမှာ (၄)ခုသာ အလုပ်လုပ်တာတွေ့ရပါတယ်။ အဖြေကတော့ ၅ ဒေါ်လာတန် USB-C တွေကိုအသုံးပြုတဲ့အခါ အားဝင်တာနည်းပြီး Data Transfer လုပ်တဲ့အခါမှာလည်း Speed နှေးတာကိုတွေ့ရပါတယ်။ Data Transfer speed ကို 10Gbps အထက်လုပ်နိုင်တယ်ပြောပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ 480Mbps အများဆုံးသာ လုပ်နိုင်တာကိုတွေ့ရနိုင်ပါတယ်။ ငုတ် (၄)ခုမှာ တစ်ခု ပျက်သွားရင်တော့ အားက ဝင်လိုက်မဝင်လိုက်နှင့် အချိန်တိုအတွင်းမှာ အမှိုက်ပုံးကို ရောက်ရှိသွားနိုင်ပါတယ်။ စျေးပေါတဲ့ USB-C တွေကို အလွယ်တကူဝယ်လို့ရပြီး ရေရှည်အတွက်အသုံးပြုမယ်ဆိုရင်တော့ သင့် Device ပျက်စီးနိုင်ပါတယ်။

USB-C တွေကဘာကြောင့် စျေးတွေကွာဟတာလဲ 2
USB-C တွေကဘာကြောင့် စျေးတွေကွာဟတာလဲ 3

၁၂၉ ဒေါ်လာတန် Apple ရဲ့ Thunderbolt 4 (USB-C) ကိုကြည့်မယ်ဆိုရင်တော့ Data Transfer Speed က 40Gbps အထက်အလုပ်လုပ်နိုင်တာကိုတွေ့ရှိနိုင်ပါတယ်။ ဒီနည်းကို သင့်ရဲ့ Android ဖုန်းတစ်လုံးနှင့် Macbook Pro တွေရဲ့ Type-C charging cable နှင့် အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ အားအနေနှင့်ကတော့ 100W အထိ သွင်းနိုင်ပြီး Type-C Monitor တွေနှင့် အသုံးပြုမယ်ဆိုရင် တစ်ပြိုင်နက်တည်း အားသွင်းပေးမယ့်အပြင် Display ပါမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်အောင် အနီးကပ် Cable ခေါင်းကို ကြည့်တဲ့အခါမှာလည်း အခုလိုပဲတွေ့ရမှာ ဖြစ်ပါတယ်။ Cable ထဲမှာ ဝိုင်ယာကြိုးအသေးစားသီးသန့် ၂၀ ပါဝင်ပြီး စနစ်တကျ ခွေထားတာကိုတွေ့နိုင်ပါတယ်။

ဒါကြောင့် သင့်ဖုန်းတွေအတွက်၊ ကွန်ပျူတာတွေအတွက် Type-C cable ဝယ်မယ်စိတ်ကူးထားရင်တော့ အရည်အသွေးကောင်းတဲ့ ကြိုးတွေကို ဝယ်ပြီး ကြာရှည်အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။

Exit mobile version