AI Generated images များကို မူပိုင်ခွင့် ဥပဒေဖြင့် မကာကွယ်ပေးနိုင်သေးကြောင်း US Copyright Office ကထုတ်ပြန်

Midjourney or Stable Diffusion တို့လို့မျိုး နာမည်ကြီးတဲ့ AI-generater အပါအဝင် တစ်ခြားသော AI-generater များနဲ့ ပြုလုပ်ထားတဲ့ generated images များကို မူပိုင်ခွင့်မပေး နိုင်သေးကြောင်း US Copyright Office(USCO) ကကြောညာခဲ့ပါတယ်။ AI နည်းပညာက လူတစ်ဦး တစ်ယောက်ရဲ့ စွမ်းဆောင်ရည် မဟုတ်ဘဲ စုပေါင်းဖန်တီးထားတာကြောင့် Copyright law မရနိုင်ကြောင်း USCO ကပြောကြားထားပါတယ်။

USCO ရဲ့ အမြင်ကတော့ မူပိုင်ခွင့် ဥပဒေ သည် လူတစ်ဦး တစ်ယောက်၏ ဖန်တီးမှုမှ ထွက်ပေါ်လာသော အရာများကိုသာ ကာကွယ်ပေးနိုင်ကြောင်း ခိုင်ခိုင်မာမာ အထည်ပြုခဲ့ပါတယ်။ ဒါပေမယ့် မိမိရဲ့ ကိုယ်ပိုင် idea စွမ်းဆောင်ရည်နဲ့ AI-generated tools များကို ပေါင်းစပ်က ဖန်တီးထားတဲ့ elements တွေကိုတော့ copyright protections လာရောက်လျှောက်ထားနိုင်ကြောင်း USCO ကထုတ်ပြန်ထားပါတယ်။

အခုချိန်မှာတော့ လူအများစုရဲ့ တောင်းဆိုမှုနဲ့အတူ AIနဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်နဲ့ ဥပဒေများကို ‌ထပ်မံလေ့လာနေတယ်လို့ USCOက ပြောကြားထားပါတယ်။နောက်ပိုင်းမှာတော့ AI နဲ့ ပတ်သက်တဲ့ Copyright Law တစ်ချို့ကို ထည့်သွင်းမယ်လို့လဲ သိရှိရပါတယ်။

Exit mobile version