Assassin’s Creed ၊ Far Cry ၊ For Honor ၊ Just Dance ၊ Prince of Persia ၊ Rabbids ၊ Rayman ၊ Tom Clancy’s နဲ့ Watch Dogs Games တို့ဖြင့် နာမည်ကြီးတဲ့ Game ကုမ္ပဏီကြီး Ubisoft ဟာ Inactive ဖြစ်နေတဲ့ Account တွေကို ဖျက်ပစ်နေပြီလို့ သိရပါတယ်။
Ubisoft မှာ $500 နဲ့ အထက် ဝယ်ယူထားသူ ဒါမှမဟုတ် နာရီပေါင်း ထောင်နဲ့ချီကာ အသုံးပြုထားသူများကတော့ လုံခြုံမှုရှိပေမယ့် အဲလိုတွေလည်း မလုပ်ထားဘူး Inactive ဖြစ်တာလည်း ကြာနေပြီဆိုရင် Account ကို လုံးဝဖျက်ပစ်ခြင်း ခံရတော့မှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ Ubisoft မှာ Game တွေဝယ်ထားတယ် ဒါပေမယ့် $500 ဖိုး မပြည့်သေးဘူးဆိုရင် Account ဖျက်ပစ်ခြင်း မခံရလေအောင် သတိထားရတော့မှာ ဖြစ်ပါတယ်။

Ubisoft က Inactive ဖြစ်ချိန် ဘယ်လောက်ထိ ကြာနေတဲ့ Account တွေကို ဖျက်ပစ်မယ်ဆိုပြီး ထုတ်ပြန်ထားခြင်း မရှိတာကြောင့် အတိအကျပြောဖို့ ခက်နေပါတယ်။ စမ်းသပ်လေ့လာသူများရဲ့ ပြန်လည်ပြောဆိုထားမှုတွေအရ ၂နှစ် မှ ၆နှစ် အထိ Inactive ဖြစ်နေသူများကို ဖယ်ရှားနေကြောင်း သိရပါတယ်။ Account ဖျက်ဆီးခြင်းမခံရအောင် ဘယ်လိုလုပ်ရမလဲ? လွယ်ပါတယ် Ubisoft Account ထဲကို ရိုးရှင်းတဲ့ Login ဝင်ပေးရုံနဲ့ လုံလောက်ပါတယ်။ Game နည်းနည်းပါးပါး ဆော့လိုက်ရင်တော့ ပိုပြီး စိတ်ချရပါလိမ့်မယ်။ ဒါ့ကြောင့် Ubisoft မှာ Game တွေဝယ်ထားတယ်၊ ဒါပေမယ့် မဆော့ဖြစ်တာ ကြာနေပြီဆိုရင် Account ကို “Good Bye” မပြောရလေအောင် အခုပဲ Login လုပ်လိုက်ပါတော့နော်။