Twitter က Register မလုပ်ထားသူများကို စတင် Block

Twitter ပေါ်မှာ ယခုကစလို့ Register မလုပ်ထားသူများဟာ Sign In Page ကလွဲလို့ ဘယ်လို Post မျိုးကိုမှ ကြည့်လို့မရတော့ဘူး ဖြစ်ပါတယ်။

Twitter မှာ Register မလုပ်ထားသူများဟာ Public အနေနဲ့ တင်ထားတဲ့ Post တွေကို ကြည့်နိုင်မယ့်အပြင် User Profiles တွေကိုပါ ကြည့်နိုင်တာဖြစ်ပေမယ့် အခုတော့ Twitter က Block လိုက်ပြီဖြစ်ပါတယ်။ Twitter မှာ Register မလုပ်ထားသူများဟာ အခုအချိန်ကစလို့ Twitter ကို ဝင်လိုက်တဲ့အချိိန်မှာ Sign In သို့မဟုတ် Sign Up လုပ်ရမယ့် နေရာကိုသာ မြင်ရတော့မှာ ဖြစ်ပါတယ်။

Twitter ရဲ့ CEO Elon Musk ကတော့ ဒါဟာ ယာယီပဲဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Twitter ပေါ်မှာ တင်ခဲ့ပါတယ်။ Twitter ကို Register လုပ်ထားသူများအနေနဲ့ကတော့ Sign In မဝင်ထားရင် Public Post တွေကို ကြည့်နိုင်အုံးမှာ ဖြစ်ပြီး Like နဲ့ Comment ကိုတော့ ပေးခွင့်ရမှာ မဟုတ်ကြောင်း သိရပါတယ်။ Twitter ရဲ့ ပြောပြမှုအရ အခုလိုပြုလုပ်ခြင်းဟာ Twitter ရဲ့ Server နဲ့ ပတ်သက်ကာ ပြုပြင်မှုတွေ ပြုလုပ်ချင်လို့ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version