Twitter Blue Subscribers များဟာ X ပေါ်ရှိ Video များကို Download လုပ်နိုင်ပြီ

ဒီနေ့ကစလို့ Twitter Blue ကို Subscribe လုပ်ထားသူများဟာ အခြား Subscribers များ တင်ထားတဲ့ Video တွေကို Download လုပ်နိုင်ပြီ ဖြစ်ပါတယ်။

X Help Center မှာ “How to share and watch videos on Twitter” ဆိုတဲ့ ခေါင်းစဥ်တစ်ခု Update လုပ်ထားပြီး ၎င်းခေါင်းစဥ်အရ Subscriber များဟာ အခြား Subscriber များရဲ့ Video ကို Download လုပ်နိုင်ကြောင်း သိရပါတယ်။ သို့ပေမယ့် အသက်ကန့်သတ်မှုတော့ ရှိပါတယ်။ အသက် (၁၈)နှစ်ပြည့်ပြီးသူမှသာ Video တွေကို Download လုပ်ခွင့်ပေးထားတာ တွေ့ရပါတယ်။ Twitter Blue ကို Subscribe လုပ်ထားပြီး Video တင်ပါက တင်လိုက်တဲ့ Video ကို Private လုပ်ထားမယ်ဆိုရင် တင်လိုက်တဲ့ လူက Follow လုပ်ခွင့်ပေးထားသူများမှအပ အခြားသူများဟာ Download လုပ်ဖို့မပြောနဲ့ ၎င်း Video ကို ကြည့်ရှုခွင့်တောင် ရမှာမဟုတ်ပါဘူး။

အဲလိုမျိုး ကန့်သတ်ချက်တွေ ထားရှိနိုင်ပေမယ့် Video ကို ဘယ်နှစ်ကြိမ်အထိ Download လုပ်ခွင့်ပြုမလဲဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိတာကြောင့် Follow လုပ်ခွင့်ပြုထားသူများဟာ အကြိမ်ပေါင်းများစွာ Download လုပ်ခွင့်ရှိနေမှာ ဖြစ်ပါတယ်။ Twitter Blue Subscribers များကို တင်ခွင့်ပေးထားတဲ့ Video ကြာချိန်ဟာ (၂)နာရီနဲ့အထက် ဖြစ်တာကြောင့် အခု ခေတ်စားနေတဲ့ The Super Mario Bros ရုပ်ရှင် တစ်ကားလုံးကို တင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ မကြာမီမှာ Elon Musk ရဲ့ X မှာ Copyright ပြဿနာတွေ ဖြစ်လာဖို့ အလားအလာ အများကြီးရှိနေတာ တွေ့ရပါတယ်။

Elon Musk ဟာ အခြားသော Social Platform တွေဖြစ်တဲ့ TikTok နဲ့ Instagram တို့လို Video Download လုပ်နိုင်တဲ့ Features ကို X မှာ ထည့်သွင်းလိုက်ပေမယ့် Video Upload အချိန်ဟာ (၂)နာရီနဲ့ အထက်ဖြစ်နေတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်တဲ့ Copyright ပြဿနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version