Twitch မှ အပြစ်ပေးမှု Program အသစ်ကို မိတ်ဆက်

Twitch ဟာ Community Standards နဲ့ မကိုက်ညီတဲ့ အသုံးပြုသူများကို ပြစ်ဒဏ်ပေးမယ့် ပုံစံအသစ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

အခု Program မှာ တချို့သော ပြစ်မှုများအတွက် အသုံးပြုသူမှ ဘာအတွက်ကြောင့် ပြစ်မှုကျူးလွန်ရကြောင်းကို စာဖြင့်ဖြစ်စေ၊ Video ဖြင့်ဖြစ်စေ တင်ပြခြင်းနဲ့ ပညာပေး သင်ကြားမှုများ ခံယူခြင်းတို့ကို ပြုလုပ်မယ်ဆိုပါက လျော့ပေါ့သက်သာခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ Twitch ရဲ့ ဒုတိယ ဥက္ကဌ Rob Lewington နဲ့ ဘေးကင်းလုံခြုံ‌ရေးနှင့် တုံ့ပြန်‌ရေး ဒါရိုက်တာ Kristen Murdock တို့က Twitch ရဲ့ လုံခြုံရေးဟာ အဓိကဦးစားပေး အရာဖြစ်ကြောင်း၊ Twitch ပေါ်မှာ တစ်လအတွင်း အသုံးပြုသူပေါင်း ၁၀၅ သန်းကျော်နဲ့ ၁.၃ ထရီလီယံ မိနစ်စာ ကြည့်ရှုတဲ့ Content များ ရှိနေကြောင်း၊ ဒါဟာ Twitch ရဲ့ ရပ်တည်လာခဲ့တဲ့ သက်တမ်းနဲ့ ကျော်ကြားမှုတို့ ပေါင်းစပ်ကာ ရရှိလာခဲ့တာ ဖြစ်တာကြောင့် စည်းကမ်းဖောက်ဖျက်တဲ့ သူများကို အပြစ်ပေးဖို့ ထူးခြားတဲ့ စိန်ခေါ်မှုများကို ဖန်တီးလိုက်တာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိ Twitch ရဲ့ စည်းမျဥ်းအရ အပြစ်ကျူးလွန်သူများကို သတိပေးခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်နေတာ ဖြစ်ပြီး ၎င်းအစား အပြစ်အရေအတွက် (Strike) ကောက်ခံသွားမှာ ဖြစ်ပါတယ်။ Strike အရေအတွက်များလာတဲ့ အသုံးပြုဟာ သေချာပေါက် အကန့်အသတ်မရှိ ဖျက်သိမ်းခြင်း ခံရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Strike အရေအတွက် နည်းသေးတဲ့အချိန်မှာ လျော့ပေါ့နိုင်ဖို့အတွက် အပေါ်မှာ ပြောခဲ့သလိုပဲ မိမိရဲ့အပြစ်ကို ကုစားရမှာ ဖြစ်ပါတယ်။ အခုလို ကုစားစေတာဟာ သူတို့ရဲ့ အပြစ်ကို ပိုမိုသိရှိလာစေဖို့ ဖြစ်ကြောင်း Rob Lewington က ပြောပါတယ်။

ကလေးသူငယ်များရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတဲ့ အဖော်အချွတ်၊ အကြမ်းဖက်မှုနဲ့ မုန်းတီးရေး အစရှိတဲ့ ကြီးလေးတဲ့ အပြစ်များ ကျူးလွန်သူကိုတော့ Strike အရေးအတွက် များစရာမလိုပဲ ချက်ချင်း အကန့်အသတ်မရှိ ဖျက်သိမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလို ပြုလုပ်ခြင်းဟာ Twitch တွင် စောင့်ကြည့်စစ်ဆေးသူများနဲ့ Streamers တို့ အကြား အပြန်အလှန် ဆက်သွယ်မှု အားကောင်းလာဖို့နဲ့ ပြစ်မှုကျူးလွန်မှုများလည်း လျော့နည်းလာစေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ အခုပြောခဲ့တဲ့ Program အသစ်ကို နောက်နှစ်ထဲမှာ စတင်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

Exit mobile version