Twitch မှာ အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုနိုင်မယ့် Streaming အမျိုးအစားအသစ်များ ထည့်သွင်း

Twitch ပေါ်ရှိ Streamer များအတွက် Livestream အမျိုးအစားအသစ်များကို Twitch က ထည့်သွင်းပေးလိုက်တာဖြစ်ပြီး ၎င်းအမျိုးအစားတွေဟာ အရွယ်ရောက်ပြီးသူများ အတွက်သာဖြစ်ကြောင်း သိရပါတယ်။

Twitch မှာ Livestream လုပ်တဲ့အခါ မိမိလုပ်နေတဲ့ Livestream ရဲ့ အမျိုးအစားကို ရွေးချယ်ကာ Streaming လုပ်ရတာ ဖြစ်ပါတယ်။ Streaming လုပ်နေတဲ့ အကြောင်းအရာနဲ့ ရွေးချယ်ထားတဲ့ Livestream အမျိုးအစားနဲ့ ကိုက်ညီမှု မရှိပါက Twitch က လက်မခံကြောင်း သတိပေးမှာဖြစ်ပြီး ဆက်လက် Streaming လုပ်နေရင်တော့ ထိုအကောင့်ဟာ ရက်ပိုင်း (သို့မဟုတ်) လပိုင်းအထိ ဆိုင်းငံ့ခြင်းခံရမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ Twitch က Livestream အမျိုးအစားတွေကို စုံလင်အောင် ထည့်သွင်းပေးနေတာဖြစ်ပြီး အခုမှာလည်း အရွယ်ရောက်ပြီးသူတွေသာ ကြည့်နိုင်မယ့် Livestream အမျိုးအစားတွေကို ထပ်မံထည့်သွင်း ပေးလိုက်တာ ဖြစ်ပါတယ်။ အခုထည့်သွင်းပေးလိုက်တဲ့ Livestream အမျိုးအစားတွေကတော့ –

ဒါကြောင့် Twitch ပေါ်ရှိ Streamer များအနေနဲ့ Live လွှင့်နေတဲ့ အကြောင်းအရာကို သေချာစွာ ရွေးချယ်နိုင်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများသာ ကြည့်ဖို့သင့်တော်တဲ့ Livestream အမျိုးအစားကို လွှင့်နေပေမယ့် Livestream အမျိုးအစားမှာ အရွယ်ရောက်ပြီးသူသာ ကြည့်နိုင်မယ့် Live ဖြစ်ကြောင်း မရွေးထားမိရင်တော့ အဲဒီ Streamer ဟာ Live ကို ရပ်နားခံထိမှာ အသေအချာပဲ ဖြစ်ပါတယ်။

Twitch ဟာ Streamer တွေအတွက် Livestream အမျိုးအစားတွေကို တိုးချဲ့ပေးခြင်း သာမကပဲ ဒီလ အစောပိုင်းတုန်းက Ad နဲ့ ပတ်သက်တဲ့ စည်းမျဥ်းအသစ်တွေကိုပါ ထုတ်ထားပေးတာ တွေ့ရပါတယ်။ Twitch ရဲ့ Monetization စည်းမျဥ်းအသစ်မှာ Streamer များဟာ Ads ရဲ့ ၇၀ ရာနှုန်း အထိအကျိုးခံစားခွင့် ရရှိနိုင်ရန် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပါဝင်နေတာကြောင့် Twitch ပေါ်ကို Streamer အတော်အများ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version