TV ဝယ်တဲ့အခါ သိထားရမည့် QLED နှှင့် OLED ကွဲပြားပုံ

သင်က TV တွေနှင့် အကျွမ်းတဝင်ရှိတဲ့လူဖြစ်ပါက HDR, 120Hz နှင့် HDMI 2.1 တို့ကိုကောင်းကောင်းသိပြီးသား ဖြစ်ပါလိမ့်မယ်။ QLED နှင့် OLED က စာလုံးတစ်လုံးပဲ ကွဲပြားပေမယ့် လက်တွေ့မှာတော့ အများကြီးကွာခြားပါတယ်။ Samsaung အနေနှင့် လွန်ခဲ့တဲ့ နှစ်အတွင်းတွေမှာ QLED TVs တွေကို ဆက်တိုက်ထုတ်လုပ်ခဲ့ပါတယ်။ QLED တွေက ​4K, 8K အထိ resolution ရပြီး အခြား brand တွေဖြစ်တဲ့ Amazon နှင့် အခြား companies တွေကလည်း QLED TVs တွေ ထုတ်လာကြပါတယ်။ OLED TVs တွေကလည်း QLED နှင့် အပြိုင်ပေါ်လာပြီး စျေးနှုန်းအနေနှင့်လည်း များပါတယ်။ လူကြိုက်များတဲ့ brand တွေထဲမှာတာ့ LG နှင့် Sony တို့ပါဝင်ပါတယ်။

QLED နှင့် OLED တို့ရဲ့ အဓိက ကွဲပြားမှု

TV ဝယ်တဲ့အခါ သိထားရမည့် QLED နှှင့် OLED ကွဲပြားပုံ 1

OLED ရဲ့ အရှည်ခေါက်ကတော့ Organic Light-emitting diode လို့ အဓိပ္ပါယ်ရပါတယ်။ QLED ရဲ့ အရှည်ခေါက်ကတော့ Quantum dot LED TV ဖြစ်ပါတယ်။ QLED တွေက LCD ကြားမှာ quantum dot တွေညှပ်ထည့်ထားပါတယ်။ OLED TV ကတော့ ကိုယ်ပိုင် light နဲ့လာပြီး QLED တွေကတော့ LED backlight အပေါ်မှီခိုအားထားပါတယ်။ QLED တွေက အရင် LCD အတိုင်း ပါးလွှာပြီး အနီးစပ်ဆုံးတူပါတယ်။ အဓိက ကွဲပြားသွားတဲ့အချက်တော့ ​Quantum dots တွေက အလင်းပြန်တာမျိုးလုပ်ဆောင်ပေးပြီး colors တွေကို အနီးစပ်ဆုံးတူအောင် လုပ်ဆောင်ပေးတဲ့ function အပိုသာ ပါဝင်တာဖြစ်ပါတယ်။ OLEDs TV တွေက ကိုယ်ပိုင် LED backlight နဲ့ လာပြီး အလင်းထုတ်အားလည်း ကောင်းမွန်ပါတယ်။ OLED ရဲ့ ရုပ်ထွက်က QLED နှင့် မတူပဲ QLED တွေ့တော့ အလင်းအားပိုကောင်းပေမယ့်​ OLED တွေကတော့ ရုပ်ထွက်အားကောင်းမွန်တဲ့အပြင် contrast လည်း ပိုကောင်းပါတယ်။ အဓိက ကွဲပြားတဲ့အချက်ကတော့​ OLED TV တွေက ဘေးက တစ်စောင်းကြည့်တဲ့အခါမှာလည်း color က မပြောင်းပဲ ညိမ်နေတာဖြစ်ပါတယ်။

Exit mobile version