Content Creator တွေ အတွက် အခမဲ့ အသုံးပြုနိုင်မယ့် Free Stock Video/Audio Website 5 ခု

ဒီနေ့မှာ တော့ Content Creator တွေ အတွက် အသုံးဝင်မယ့် တကယ်လဲ အသုံးပြုလို့ ရမယ့် Free Stock Video/Audio Website 5 ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Website တွေကို မညွှန်းမှီ အရင် ဆုံးသိထားရမှာက Stock Video/Audio ဆိုတာ ဘာလဲပေါ့။

Stock Content ဆိုတာ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို အဆင်သင့်အသုံးပြုနိုင်အောင် ရိုက်ကူးဖန်တီးထားတဲ့ အကြောင်းအရာတွေကို ပြောတာဖြစ်ပါတယ်။ မိမိ ဖန်တီးရိုက်ကူးထားတဲ့ Stock Content တွေကို အခြား Content Creator တွေလည်း အသုံးပြုနိုင်အောင် ရည်ရွယ်ချက်နဲ့ ဖန်တီးထားပြီး အသုံးပြုခွင့်တွေကိုတော့ လိုင်စင်တွေနဲ့ ကန့်သတ်ထားပါတယ်။

Stock Content တွေကို လူတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ဖန်တီးရိုက်ကူး ပိုင်ဆိုင်တာ ဖြစ်ပြီး ၎င်းတို့ကို အသုံးပြုချင်တယ်ဆိုရင်တော့ မူရင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် အသုံးပြုခွင့်ပေးကြောင်း လိုင်စင်ဝယ်ပြီးမှ မိမိရဲ့ Content တွေမှာ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်မတောင်းဘဲယူသုံးမယ်ဆို ရင်တော့ နောက်ပိုင်း ကိုယ့်ရဲ့ ကြော်ငြာဝင်ငွေထဲကနေ Copyright Law အရ Stock Owner တွေကို ဝင်ငွေရဲ့ ရာခိုင်နှုန်း အချို့ ပြန်လည်ခွဲပေးရတာမျိုး ဖြစ်လာနိုင်ပါတယ်။

Stock Video/Audio အကြောင်း အကြမ်းဖျင်း သိသွားပြီး ဆိုရင်တော့ Copyright Law နဲ့ အညီ Owner တွေ ဆီက လိုင်စင်ပါပြီးသား Free(အခမဲ့) အသုံးပြုခွင့်ပေးထားတဲ့ Stock Video/Audio Website (၅) ခုကို ပြောပြပေးမှာဖြစ်ပါတယ်။

Videvo

Free Stock Video Footage, video.net

သူကတော့ လိုင်စင်ပါပြီး သား Free Website တစ်ခုဖြစ်ပါတယ်။ Footage videos / Motion Graphics videos တွေ စုံစုံလင်လင်ပါရှိပြီး အသုံးပြုရ လွယ်ကူတဲ့ Website တစ်ခုဖြစ်ပါတယ်။ နောက်ပြီး Music/ Sound Effect တွေ Templates တွေပါ ပါဝင်ပြီးသားမို့ တစ်နေရာထဲမှာ အကုန်ရနိုင်ပါတယ်။

Pexels

The best free stock photos, royalty-free images & videos shared by creators, Pexels.com

Pexels ကတော့ Stock Video Only ဖြစ်ပြီး  High-Quality Video တွေကို တစ်နေရာထဲမှာ ရနိုင်မယ့် Website တစ်ခုဖြစ်ပါတယ်။ 

Pixabay

Royalty-free music downloads, Pixabay.com

ဒီဝဘ်ဆိုက် ကတော့ မိမိ ရဲ့ Contant တွေမှာ တရားဝင် Free အသူံးပြုလို့ရမယ့် Stock Video/Audio တွေအပြင် Vector Image တို့ illustration ပုံတွေကို ပါအသုံးပြုနိုင်မယ့် Website တစ်ခုဖြစ်ပါတယ်။

Videezy

Ferr HD Stock Footage & 4K Videos, Videezy.com

သူလဲ Stock Footage တွေ 4k video တွေကို စုံစုံလင်လင် ရနိုင်မယ့် free stock videos Website တစ်ခုဖြစ်ပါတယ်။

Mix kit

Astounding Royalty Free Stock Music, MicKit.co

Mix kit ကတော့ Stock video/audio တွေအတွက် အဆင်ပြေဆုံးနဲ့ Free(အခမဲ့) အသုံးပြုနိုင်မယ့် Website တစ်ခုဘဲဖြစ်ပါတယ်။ လိုချင်တဲ့ Music တွေ Sound Effects တွေကို စုံစုံလင်လင်ရနိုင်တာကြောင့် တစ်နေရာထဲမှာနဲ့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ 

မိမိရဲ့ Content တွေကို Youtube/Facebook စတဲ့ Social Media Platform တွေမှာ Copyright လွတ်တဲ့  Free Stock Video/Audio Website တွေကဘဲ ရေရှည်အသုံးပြုတဲ့ အခါ အချိန်ကြာလာတဲ့ အမျှ တစ်နည်းမဟုတ်တစ်နည်း Monetization ပြဿနာ ကြုံရတက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မူရင်း Audio/Video Creator က အချိန်မရွေး သူ့ရဲ့ ပေါ်လစီကို ပြောင်းလဲနိုင်လို့ဘဲ ဖြစ်ပါတယ်။

မိမိရဲ့ Content Creation တွေကို ထိထိရောက်ရောက်နဲ့ ရေရှည်ရပ်တည် ချင်တယ်ဆိုရင်တော့ Free Stock Video/Audio တွေသုံးမယ့် အစား Licensing Video/Audio တွေဝယ်သုံးရင် ရေရှည်အတွက် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

Exit mobile version