TikTok ဟာ Content Creator တွေအတွက် ဝင်ငွေပိုမိုဖန်တီးနိုင်စေဖို့ Feature အသစ် ၂ခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ မိနစ် ၂၀ ဗီဒီယိုတင်နိုင်တဲ့ feature တွေအပြင် Payment Wall feature ကိုပါထည့်သွင်းပေးလာပြီး အခကြေးငွေစနစ်နဲ့ ဗီဒီယိုကြည့်ရှုနိုင်မယ့်စနစ်ဖြစ်ပါတယ်။

Video Series တွေအဖြစ်ဖန်တီးနိုင်မှာဖြစ်ပြီး Serie တစ်ခုမှာ Video ၈၀ အထိ ထည့်သွင်းရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ Video Content Creator များအား စီးရီးဗီဒီယိုတွေအတွက် အခကြေးငွေကိုလည်း ကြည့်ရှုသူဆီကနေတစ်ဆင့် ကောက်ခံနိုင်အောင် Payment Wall စနစ်ပါ ထည့်သွင်းပေးထားမှာဖြစ်ပြီး $0.99 နဲ့ $189.99 ထိ အခကြေးငွေ ကောက်ခံနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ Video Content Creator အချို့ကိုသာ ဒီ Feature ကိုစမ်းသပ်သုံးစွဲခွင့်ပြုထားအုံးမှာဖြစ်ပြီး သာမန် TikTok User တစ်ယောက်အနေနဲ့ကတော့ 10 Minutes Video အထိသာ တင်နိုင်အုံးမှာဖြစ်ပါတယ်။ TikTok က Vertical Video Series အလားအလာတွေတိုးတက်လာဖို့မျှော်မှန်းထားပြီး ဒီFeature က တစ်ကမ္ဘာလုံးမှာရှိတဲ့ Professional Movie/Video Creator လောကတွေအထိ သက်ရောက်မှုရှိနိုင်ပါတယ်။