TikTok က Content Creator များအတွက် TikTok Studio App တစ်ခုကို မိတ်ဆက်

နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ TikTok က Content Creator များအတွက် TikTok Studio လို့ခေါ်တဲ့ သီးခြားအက်ပ် တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ Content Creator များအတွက် မိမိတို့ရဲ့ Account ကိုပိုပြီး Management လုပ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

TikTok Studio App
TikTok က Content Creator များအတွက် TikTok Studio လို့ခေါ်တဲ့ App တစ်ခုကို မိတ်ဆက်

TikTok Studio အက်ပ်က Creator များအတွက် Upload လုပ်ခြင်း၊ တည်းဖြတ်ခြင်း၊ Content များကို စီမံခန့်ခွဲခြင်းနှင့် Account performance များကို analysis များပြုလုပ်နိုင်မှာဖြစ်ပါတယ်။ YouTube studio, Meta business suite တို့လိုမျိုး Content များဖန်တီးရာတွင် အရေးပါပြီး အသုံးဝင်မယ့် Tool တစ်ခုဖြစ်ပါတယ်။ TikTok Studio ကိုအကောင့်အသစ်ထပ်ဖွင့်စရာမလိုဘဲ မိမိမှာ ရှိပြီးသား TikTok account နဲ့ဝင်ပြီး အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

TikTok Studio ကို အသက် ၁၈ နှစ်အထက် ဖွင့်ထားသော TikTok account များအတွက်သာ ရနိုင်မှာဖြစ်ပါတယ်။ အခုချိန်မှာတော့ TikTok Studio မိုဘိုင်းအက်ပ်ကို Android အတွက် Google Play Store မှာသာရနိုင်ပြီး iOS အတွက်တော့ မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version