TikTok မှာ AI Generated သီချင်းများ ဖန်တီးနိုင်ပြီ

TikTok မှာ ကိုယ်ပိုင် သီချင်းများ ရေးဖွဲ့နိုင်မယ့် AI Song Feature အသစ်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

TikTok အသုံးပြုသူများဟာ မိမိဖန်တီးလိုတဲ့ သီချင်းစာသားများကို Post မတင်မှီမှာ ရေးသားပေးလိုက်ယုံနဲ့ AI Song Feature က သင့်အတွက် သီချင်းတစ်ပုဒ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ၎င်း Feature ကို TikTok အသုံးပြုသူအားလုံး အသုံးပြုခွင့် မပေးထားပဲ တချို့သောသူများကိုသာ စမ်းသပ်မှုအနေနဲ့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။

AI Song Feature ဟာ သီချင်းဖန်တီးလိုသူများအတွက် အထောက်အကူပြုမှာ ဖြစ်ပေမယ့် စမ်းသပ်အသုံးပြုသူများရဲ့ ပြောပြမှုအရ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ သီချင်းဖြစ်ကြောင်း ဖော်ပြပေးမယ့် စာသားကိုလည်း ထည့်သွင်းပေးမှာ ဖြစ်ကြောင်း TikTok က ပြောပါတယ်။ TikTok ဖန်တီးနေတဲ့ AI Song လိုမျိုး Feature ကို YouTube မှာတော့ အသုံးပြုနိုင်နေပြီ ဖြစ်သလို Dream Track မှာလည်း စက္ကန့် ၃၀ စာ သီချင်းတိုလေးတွေ ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။

Exit mobile version