TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance က Ripple လို့ခေါ်တဲ့ Music Creation App တစ်ခုကို မိတ်ဆက်

နာမည်ကြီး ဆိုရှယ်မီဒီယာပလက်ဖောင်း တစ်ခုဖြစ်တဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance က “Ripple” လို့ခေါ်တဲ့ Music Creation App တစ်ခုကို မကြာသေးမှီကမှ မိတ်ဆက်ခဲ့ပါတယ်။ Ripple ကို ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုရလွယ်ကူအောင်ပြုလုပ်ထားပြီး သံစဉ်များကို စိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Company က လက်ရှိမှာ TikTok ကိုပိတ်သိမ်းထားတဲ့ United States မှာ Ripple ကိုစမ်းသပ်ပြုလုပ်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါ Music Creation App ကို Digital Audio Workstations (DAWs) များအတွက် ပိုမို အသုံးပြုရလွယ်ကူသော အစားထိုးရွေးချယ်မှုတစ်ခုအဖြစ် ရည်ရွယ်ထားပြီး အထူးသဖြင့် အခုမှ စတင်သော Beginner Level Music Creator များ အတွက် အသုံးဝင်တဲ့ App တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ Company ကပြောကြားထားပါတယ်။ နောက်ပြီး TikTok ပေါ်ရှိ Contant Creator များရဲ့ Short video များ အတွက် ကိုယ်တိုင် Music များကို ဖန်တီးထည့်သွင်း လို့ရမှာ ဖြစ်ပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance က Ripple လို့ခေါ်တဲ့ Music Creation App

Ripple မှာ မိမိဖန်တီး ထားတဲ့ သီချင်းစာသားကို ထည့်သွင်းပြီး ၎င်းနဲ့ လိုက်ဖက်တဲ့ သီချင်းအမျိုးအစားများ သံစဉ်များကို ထုတ်လုပ်နိုင်တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ Company က ၎င်းတို့ အပိုင် Music နဲ့ လိုင်စင်ရ Music တွေအသုံးပြုပြီး စမ်းသပ်နေတယ်လို့ သိရှိရပါတယ်။ လောလောတယ်တော့ Ripple App ကို မိတ်ဆက်ပေးရုံ သက်သက်သာဖြစ်ပြီး Company က အဆိုပါ App နဲ့ ပတ်သက်တဲ့ တစ်ခြားအကြောင်းအရာများကိုတော့ ထုတ်ဖော်ပြသခြင်းမရှိ သေးပါ။ Ripple App အကြောင်းကို သေချာလေ့လာချင်တဲ့ သူတွေအတွက် Ripple.club ကိုဝင်ရောက်လေ့လာနိုင်တယ်လို့ Company ကပြောကြားထားပါတယ်။

Exit mobile version