TikTok ကို Ban ရန် US အမျိုးသားလွှတ်တော်က အတည်ပြု

US ဟာ နိုင်ငံလုံခြုံရေးအရ TikTok အား Ban ဖို့ ကြိုးစားနေတာ ကျွန်တော်တို့အားလုံး အသိပဲ ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်ကို တင်ခဲ့တုန်းက အမျိုးသားလွှတ်တော်မှာ မဲအရေအတွက် ၃၅၂ မဲ – ၆၅ မဲ နဲ့ Ban ဖို့အတွက် အတည်ပြုခဲ့ပြီး အထက်လွှတ်တော်မှာတော့ ဥပဒေကို အတည်မပြုနိုင်ခဲ့ပါဘူး။

အခုအကြိမ်မှာလည်း TikTok ကို Ban ရန် အမျိုးသားလွှတ်တော်တွင် ၃၆၀ မဲ – ၅၈ မဲ နဲ့ ထပ်မံ အတည်ပြုနိုင်ခဲ့ကာ အထက်လွှတ်တော်သို့ ဥပဒေအတည်ပြုရန် ထပ်မံတင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပထမအကြိမ်ကလို မဟုတ်တော့ပဲ TikTok Ban မယ့် အရေးကို နိုင်ငံခြားရေးရာ ကိစ္စများဖြစ်တဲ့ ရုရှားအရေး၊ ယူကရိန်း၊ အစ္စရေးနှင့် ဂါဇာ တို့ကို လူသားချင်း စာနာထောက်မှုအရ အကူအညီပေးရေး ကိစ္စများနဲ့ ပူးတွဲကာ တင်သွင်းလိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ TikTok ကို Ban မယ့် ကိစ္စဟာ အရင်တစ်ခါကထက် အတည်ပြုနိုင်ချေ များနေတယ်လို့ ဆိုနိုင်ပါတယ်။ အထက်လွှတ်တော်အနေနဲ့ နိုင်ငံခြားရေးရာကိစ္စများနဲ့ TikTok ကိစ္စကို ပူးတွဲစစ်ဆေးမယ် ဆိုရင် TikTok ကို Ban မယ်ဆိုတာ သေချာသလောက်ရှိနေနိုင်ပြီး ခွဲခြားကာ စစ်ဆေးမယ် ဆိုရင်တော့ မသေချာတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

Exit mobile version