TikTok ကို US အိမ်တော်၏ ထိန်းချုပ်မှုအောက်ရှိ Devices တွေ အားလုံးမှာ အသုံးပြုခွင့်ပိတ်

US အောက်လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ Devices တွေအားလုံးကို TikTok အသုံးပြုခွင့် ပိတ်လိုက်ပြီးဖြစ်ကြောင်း အိမ်တော်၏ အတွင်းသတင်းအရ သိရပါတယ်။

ဗီဒီယိုအတိုတွေ တင်လို့ရတဲ့ TikTok ကို အိမ်တော်အတွင်းရှိ Devices တွေ အားလုံးမှာ ဖယ်ရှာဖို့ အသိပေးစာထုတ်လိုက်ပြီး ဖြစ်ကြောင်း အုပ်ချုပ်ရေးရုံး၏ အရာရှိတစ်ဦးက CNN ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အသိပေးစာထဲမှာ TikTok ဟာ လုံခြုံရေးအတွက် များစွာ အန္တာရယ်ရှိတယ်လို့ ပြောထားကြောင်းလည်း သိရပါတယ်။

TikTok ကို US အစိုးရဆိုင်ရာ Devices တွေမှာ အသုံးပြုခွင့်ပိတ်

TikTok ကို ယခင်ကတည်းက အစိုးရဆိုင်ရာ Devices တွေမှာ Ban မလို့ ကြိုးစားနေတာဖြစ်ပြီး ယခုမှာတော့ တကယ် Ban လိုက်ပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာ US တစ်နိုင်ငံလုံးအထိ Ban မလို့ သမ္မတ Joe Biden ၏ လက်မှတ်ပဲလိုတော့တယ်လို့လည်း သိရပါတယ်။ US ရဲ့ ဥပဒေပြုသူများ၏ ပြောပြမှုအရ TikTok ဟာ အမျိုးသားရေးဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ၎င်းတို့၏ ပြောပြမှုအရ တရုတ်သမ္မတဟာ TikTok (သို့မဟုတ်) TikTok ပိုင်ရှင် ByteDance ကုမ္ပဏီအား US အသုံးပြုသူများ၏ Data တွေကို ပေးမလို့ ဖိအားပေးလာနိုင်တာဖြစ်ပြီး ၎င်း Data တွေကို တရုတ်၏ ထောက်လှမ်းရေး၊ စစ်ဆင်ရေးနှင့် အခြားသောနေရာများမှာ အသုံးပြုလာနိုင်တယ်လို့လည်း သိရပါတယ်။

သို့သော် ၎င်းကို အတည်ပြုမလို့ တိကျတဲ့ သက်သေတွေတော့ မရှိသေးပါဘူး။ TikTok ဟာ လွန်ခဲ့တဲ့ အပတ်က ဂျာနယ်သမားနှစ်ယောက်၏ Data တွေကို ၀င်ကြည့်ခဲ့မှုကြောင့် ၀န်ထမ်း (၄) ဦးကို အလုပ်ထုတ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ US ရဲ့ အစိုးရဆိုင်ရာ Devices တွေအပြင် အချို့ တက္ကသိုလ် နှင့် ကော့လိပ်တွေမှာလည်း TikTok ကို Ban ထားတာဖြစ်ပြီး နောက်ပိုင်းမှာ US တစ်နိုင်ငံလုံးအထိ အသုံးပြုခွင့် ပိတ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version