TikTok မှာ လုပ်ငန်းရှင်များ အတွက် “Search ads” ဆိုတဲ့  Advertising Format  တစ်ခုကို ထည့်သွင်း

ဆိုရှယ်မီဒီယာပလက်ဖောင်း တစ်ခုဖြစ်တဲ့ TikTok Company က Select Markets မှာ “Search ads” ဆိုတဲ့ Advertising Format တစ်ခုကို ထည့်သွင်းလိုက် ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ Format က လုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့ ရဲ့ ထုတ်ကုန်များ နဲ့ ဝန်ဆောင်မှုများကို ရှာဖွေနေတဲ့ User များဆီတိုက်ရိုက်ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

TikTok မှာ လုပ်ငန်းရှင်များ အတွက် “Search ads” ဆိုတဲ့  Advertising Format  တစ်ခုကို ထည့်သွင်း

User များက Select Markets မှာ မိမိတို့ အလိုရှိတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုများကို အလွယ်တကူရှာဖွေနိုင်ပြီး လုပ်ငန်းရှင်များနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ Advertiser များအနေဖြင့် User များရဲ့ ရှာဖွေမှုမေးမြန်းမှု၊ ၎င်းတို့ရဲ့ စိတ်ဝင်စားမှုများ၊ တည်နေရာ စတဲ့အချက်အလက်များအပေါ်အခြေခံပြီး မိမိတို့ရဲ့ ထုတ်ကုန်/ဝန်ဆောင်မှု များကို ဘယ်သူတွေက စိတ်ဝင်စားတာလဲ ဘယ်လို User တွေကို အဓိက ပစ်မှတ်ထားရမလဲ ဆိုတာကို အသေးစိတ်ပြုလုပ်ပြီ ကြော်ညာနိုင်မှာ ဖြစ်ပါတယ်။

TikTok “Search ads” ကို လောလောဆယ်တော့ United States၊ United Kingdom နဲ့ Canada တို့မှာဘဲ ရနိုင်ပါသေးတယ်။ ပုံမှန် TikTok ads တွေလိုမျိုးဘဲ Search ads ကို Short Video အနေနဲ့ တွေရမှာ ဖြစ်ပါတယ်။

Exit mobile version