Threads ပေါ်မှာလဲ $5K ထိရရှိနိုင်မယ့် Bonus Program တစ်ခုကို Meta ကကမ်းလှမ်း

မနှစ်ကမှ ထွက်ရှိထားတဲ့ Meta ရဲ့ Social Media တစ်ခုဖြစ်တဲ့ Threads ပေါ်မှာ Company က အသုံးပြုသူ၊ Content Creator များအတွက် $5K ထိရရှိနိုင်မယ့် Bonus Program တစ်ခုကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ Company က Threads app နဲ့ အသုံးပြုသူများအကြား ထိတွေ့ဆက်ဆံရေးကို ပိုပြီး မြင့်တင်နိုင်ရန်နဲ့ အရည်အချင်းရှိတဲ့ Content Creator များကို ပိုမိုဆွဲဆောင်နိုင်ရန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Threads ပေါ်မှာလဲ $5K ထိရရှိနိုင်မယ့် Bonus Program တစ်ခုကို Meta ကကမ်းလှမ်း

Threads ရဲ့ Bonus Program ကိုရရှိနိုင်ရန် App အတွင်းရှိ မိမိရဲ့ Post များမှာ 10,000 views အထက်ရှိမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Bonus Program ကို လူတိုင်းရရှိနိုင်မှာ မဟုတ်ဘဲ Meta က ရွေးချယ်ထားတဲ့ Invited Person များသာရရှိမှာ ဖြစ်ပါတယ်။ Threads ရဲ့ Bonus Program ဟာ Facebook မှာပေးထားတဲ့ Performance Bonus Program အတိုင်းဘဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လကနေစပြီး Threads app ကို သုံးစွဲသူ သန်း ၂၀ ထိ တိုးလာကြောင်း သိရပြီး စုစုပေါင်း လစဉ်အသုံးပြုမှု သန်း ၁၅၀ ထိတိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version