Tesla Supercharger Team တစ်ဖွဲ့လုံးကို အလုပ်ထုတ်လိုက်တဲ့ Elon Musk

Elon Musk က ဝန်ထမ်းတွေကို အလုပ်ထုတ်တဲ့နေရာမှာ နာမည်ကြီးပြီး ဒီတစ်ခေါက်မှာလည်း Tesla Supercharger Team တစ်ဖွဲ့လုံးကို အလုပ်ဖြုတ်လိုက်ပါတယ်။ Reuters လို့ခေါ်တဲ့ Media ပြောကြားချက်အရ မေလအစောပိုင်းမှာ ဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။ Tesla supercharger ကို ဦးစီးတဲ့ Rebecca Tinucci နှင့် Elon Musk တို့ company meeting မှာ supercharger အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ Supercharger အတွက် တိုးချဲ့မယ့် လုပ်ငန်းဆောင်တာတွေနှင့် Network တွေကို ​Tinucci က မတင်ပြနိုင်တာကြောင့်​ Elon Musk က အလုပ်ထုတ်ပြစ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ Supercharger Team က ဝန်ထမ်း ၅၀၀ ကျော်ပါ ပါဝင်တယ်လို့ သိရပါတယ်။

Tesla Supercharger Team တစ်ဖွဲ့လုံးကို အလုပ်ထုတ်လိုက်တဲ့ Elon Musk 1

Bloomberg ရဲ့ ပြောကြားချက်အရ ဝန်ထမ်း ၅၀၀ ကျော်ထဲက အချို့ဝန်ထမ်းတွေက အလုပ်ပြန်ဆင်းနေပြီလို့လည်း သိရပါတယ်။ ဒီအဖြစ်အပျက်အရ အချို့ Media တွေကလည်း လုပ်ငန်းအတွင်း ထိခိုက်မှုများပြားခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်းတွေလည်း ပါဝင်တယ်ဆိုပြီး သတင်းခေါင်းကြီးပိုင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။ Tesla company အပြင် SpaceX နှင့် X မှာလည်း ဝန်ထမ်းတွေကို လျှော့ခြခြင်း၊ အလုပ်ဖြုတ်တာမျိုးတွေ ဖြစ်ပါတယ်။ ယခုနှစ်ထဲမှာတင် Elon Musk အလုပ်ထုတ်ပြစ်တဲ့ ဝန်ထမ်းတွေအကြောင်းကို မကြာခဏ တွေ့မြင်နေရပါတယ်။

Exit mobile version