မူလီ ပြဿနာကြောင့် Model Y ကားများကို ပြန်လည်ခေါ်ယူခဲ့ရတဲ့ Tesla

Tesla ဟာ United State ရှိ 2022-2023 Model Y ကားပေါင်း ၃၄၇၀စီးကို ပြန်လည် ခေါ်ယူပြီး ပြုပြင်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကားမှာ အသုံးပြုထားတဲ့ မူလီရဲ့ တင်းကြပ်မှု လျော့နည်းနေလို့ဖြစ်ကြောင်း သိရှိရပါတယ်။

US ရဲ့ အဝေးပြေး ယာဥ်အန္တာရယ်ကင်းရှင်းရေး စီမံခန့်ခွဲရေးအဖွဲ့ (NHTSA) ရဲ့ ပြောကြားချက်အရ ထိုင်ခုံ Frame တွေရဲ့ မူလီများ တင်းကြပ်မှု လျော့နည်းနေခြင်းဟာ ယာဥ်တိုက်မှုဖြစ်ပွားရာတွင် တိခိုက်မှုတွေ ပိုမိုဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ Tesla က သူတို့ကို ဒီဇင်ဘာလအတည်းက NHTSA ဘက်မှ သတိပေးနေတာ (၅)ကြိမ်လောက်ရှိခဲ့ပြီး ဒီသတိပေးမှုတွေကလည်း ယခု ပြဿနာနဲ့ သက်ဆိုင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီမူလီပြဿနာကြောင့်လည်း ထိခိုက်မှုတွေ သေဆုံးမှုတွေရှိတယ်လို့လည်း သတိမထားမိခဲ့ဘူးလို့ Tesla က ပြောခဲ့ပါတယ်။

Tesla Model Y
Tesla 2023 Model Y (from google)

လက်ရှိမှာ Tesla ဟာ 2022-2023 Model Y ကားများကို ပြန်လည်းခေါ်ယူနေပြီး ယာဥ်မောင်းရဲ့ အနောက်ဘက်တွင် လိုက်ပါစီးနင်းသူများရဲ့ ခံတန်းရှည် Frame ကို ပြန်လည်စစ်ဆေးကာ လိုအပ်ပါက သတ်မှတ်ချက်များအတိုင်း ပြန်လည်ပြုပြင်ပေးနေပြီ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version