Tesla ရဲ့ CFO ဖြစ်တဲ့ Kirkhorn ရာထူးမှနှုတ်ထွက်

Telsa ကားကုမ္ပဏီရဲ့ ငွေကြေးပိုင်းဆိုင်ရာအမှုဆောင်အရာရှိဖြစ်တဲ့ Zachary Kirkhorn က ဩဂုတ်လ ၇ ရက်နေ့က ရာထူးမှနှုတ်ထွက်လိုက်ပါတယ်။ Kirkhorn က Tesla ကုမ္ပဏီရဲ့ သက်တမ်းတစ်လျှောက်မှာ အကြာဆုံးအမှုထမ်းဆောင်ခဲ့ပြီး Elon Musk အောင်မြင်မှုလမ်းကြောင်းထဲမှာ ပါဝင်ခဲ့တဲ့လူတစ်ယောက်လည်း ဖြစ်ပါတယ်။ Telsa ဘက်ကတော့ ဘာကြောင့်ရာထူးက နှုတ်ထွက်သွားလဲဆိုတာ တိကျတဲ့အကြောင်းပြချက်တော့ မပေးခဲ့ပါဘူး။ ရာထူးက နှုတ်ထွက်သွားတယ်ဆိုပေမယ့် အပြောင်းအလဲကာလ တစ်ခုအကြား နှစ်ကုန်တဲ့အထိတော့ company မှာ ဆက်လက်လုပ်ကိုင်နေမှာ ဖြစ်ပါတယ်။

Elon Musk က ၂၀၂၂ ခုနှစ်မှာ twitter (အခုနာမည်သစ် = X) ကို ဝယ်ယူလိုက်တဲ့အချိန်ကစပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြင်မကြည်မှုကို ရရှိခဲ့ပြီး ပြသနာတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေပြောကြားချက်အရ Kirkhorn က Elon Musk နဲ့ အခြားလုပ်ငန်းတွေအကြား အပေးအယူတွေပြုလုပ်တဲ့အခါ အရေးပါတဲ့လူတစ်ယောက်လို့ ပြောကြပါတယ်။ Kirkhorn ရာထူးကနှုတ်ထွက်တဲ့ သတင်းထွက်လာပြီးပြီးချင်းမှာ Tesla ရဲ့ share ရာခိုင်နှုန်း ၁ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Kirkhorn တာဝန်ထမ်းဆောင်ခဲ့စဉ်က​ company ရဲ့ အမြတ်အစွန်းတော်တော်ရရှိခဲ့တဲ့ ကာလလည်းဖြစ်ပါတယ်။

Telsa ကားကုမ္ပဏီရဲ့ ငွေကြေးပိုင်းဆိုင်ရာအမှုဆောင်အရာရှိဖြစ်တဲ့ Zachary Kirkhorn

Kirkhorn ရာထူးမှနှုတ်ထွက်တဲ့အကြောင်းကို social media မှာတော့ ယခုလိုဖော်ပြခဲ့ပါတယ်။ Tesla မှာတာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကာလတွေကို ဂုဏ်ယူမိကြောင်း ပြောပြခဲ့ပါတယ်။ Elon Musk ကလည်း Tesla ရဲ့ခက်ခဲတဲ့ကာလတွေမှာ အတူရှိနေပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်းနှင့် နောက်ထပ်အလုပ်အကိုင်အသစ်တွေမှာ အဆင်ပြေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

Tesla ရဲ့ CFO ဖြစ်တဲ့ Kirkhorn ရာထူးမှနှုတ်ထွက် 1

Elon Musk ရဲ့ မထင်ရင်မထင်သလို လုပ်တတ်တဲ့အချို့အရာတွေကြောင့် company ရဲ့ ရှယ်ယာတွေက အတက်အကျတွေ မြန်ဆန်တက်ပါတယ်။ ဒါ့အပြင် cryptocurrency လောကမှာလည်း Elon Musk ရဲ့ ထင်မြင်ရေးသားချက်တွေကြောင့် စျေးတွေအတက်အကျ ဖြစ်တတ်ပါတယ်။ သိပ်ကြာသေးခင်က twitter ကို ဝယ်လိုက်ပြီး X နာမည်ပြောင်းလိုက်ခြင်းကလည်း company ရဲ့ သိက္ခာတွေကို ထိခိုက်တဲ့သဘောတွေ သက်ရောက်သွားပါတယ်။ Facebook ရဲ့ CEO ဖြစ်တဲ့ mark zuckerberg နဲ့လည်း ထိုးကြိတ်မယ်ဆိုတဲ့ သတင်းတွေကြောင့်​ အင်တာနက်မှာ အမြဲပွက်လောရိုက်နေပါတယ်။ စာဖတ်သူပရိတ်သတ်ကြီးရော Elon Musk ရဲ့ company share တွေကို အခွင့်အရေးရရင် ဝယ်မှာလား၊ ရောင်းကြမှာလား။

Exit mobile version