Telegram မှာ ငွေပေးချေမှ ကြည့်နိုင်မယ့် Content တွေ ဖန်တီးနိုင်ပြီ

Telegram မှာ Channels ဖွင့်ကာ ကိုယ်ပိုင် Content များ တင်ဆက်နေတဲ့ Creators များအတွက် ငွေပေးချေကာ ကြည့်နိုင်မယ့် Content များ တင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Telegram ဟာ သူတို့ရဲ့ ကိုယ်ပိုင် Cryptocurrency ဖြစ်တဲ့ Toncoin ကို ပြီးခဲ့တဲ့ လတုန်းက ဖန်တီးပေးခဲ့ပြီး အခုတော့ Application အတွင်းမှာပါ အသုံးပြုခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ Toncoin ကို Application ထဲမှာ တိုက်ရိုက်အသုံးပြုခွင့် ပေးထားတာ မဟုတ်ပေမယ့် Toncoin နဲ့ လည်းလှယ် နိုင်မယ့် Stars ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ Telegram အသုံးပြုသူများဟာ Application အတွင်းမှာသာ အသုံးပြုနိုင်မယ့် Stars များကို ဝယ်ထားရမှာ ဖြစ်ပြီး Creators များတင်ထားတဲ့ Stars ပေးမှ ကြည့်နိုင်မယ့် Contents များကို သတ်မှတ်ထားတဲ့ Stars အရည်အတွက်အတိုင်း ပေးပြီး ကြည့်ရှူရတော့မှာ ဖြစ်ပါတယ်။

အသုံးပြုသူများ ဘက်မှ Stars များကို စိတ်ကြိုက် ဝယ်ထားနိုင်မှာ ဖြစ်ပြီး Channels ပိုင်ရှင်များကတော့ ရရှိထားတဲ့ Stars များကို ကြော်ငြာခအတွက် အသုံးပြုမလား၊ Toncoin အနေနဲ့ ပြောင်းလဲအသုံးပြုမလား ဆိုတာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Toncoin ကို အသုံးပြုဖို့ဆိုရင် Fragment ဆိုတဲ့ Platform မှာ Account လျှောက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် Public နဲ့ တင်ထားတဲ့ Stories များတွင် Hashtag ထည့်သွင်းနိုင်တဲ့ Feature နဲ့ Location ကို Tag လုပ်နိုင်မယ့် Feature အသစ်တို့ကိုလည်း ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Exit mobile version