Swedish startup ကို ၀ယ်ယူတော့မယ့် Mastercard

ယနေ့ Bank တွေမှာ သုံးနေကြတဲ့ Mastercard ရဲ့ မိခင် company ဖြစ်တဲ့ Mastercard company က Swedish startup လုပ်ငန်းတစ်ခုကို ၀ယ်ယူဖို့ ညှိနှိုင်းနေပါတယ်။ အကြောင်းရင်းကတော့ တိုးတက်လာတဲ့ ခေတ်နှင့်အညီ လူတွေအသုံးပြုနေကြတဲ့ လစဥ်ကြေးတွေကို ပေးချေရာမှာ လွယ်ကူအောင် ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။ Mastercard ရဲ့ အဓိကပြိုင်ဖက်ဖြစ်တဲ့ Visa company ကလည်း သူတို့ရဲ့ service ကို ဒီထက်ကျယ်ပြန့်အောင် ပြိုင်ဆိုင်နေတဲ့အချိန်မှာ Mastercard က လက်ဦးမှုအရင်ယူပြီး Swedish startup ကို ၀ယ်ယူဖို့ ခြေလှမ်းလှမ်းလိုက်တာ ဖြစ်ပါတယ််။

Mastercard ကို အသုံးပြုဖို့အတွက် အင်တာနက်မှာ ငွေပေးချေတဲ့အခါ card information တွေကို ထည့်သွင်းရပါတယ်။ တစ်ခါတစ်လေ မသမာသူတွေရဲ့ လက်ထဲကိုယ့်အချက်အလက်တွေရောက်သွားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာတတ်ပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် Mastercard က တစ်နေရာတည်းနှင့် ငွေပေးချေမှုတွေလွယ်ကူအောင် ပြုလုပ်နေတာဖြစ်ပါတယ်။ Minna Technologies လို့အမည်ရတဲ့ Swedish startup က အသုံးပြုသူတွေကို မည်သည့်နေရာအတွက် အင်တာနက်မှာ ငွေပေးချေလိုပါက တစ်နေရာတည်းမှ ပေးချေနိုင်အောင်ပြုလုပ်ထားတဲ့ system ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Company ရဲ့ ပြောကြားချက်အရ လက်ရှိမှာ နည်းပညာ companies တော်တော်များများ လက်တွဲလုပ်ကိုင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများ Netflix, Amazon, Disney Plus တို့လို service တွေကို လစဥ်ကြေးနှင့် ၀ယ်ယူကြပြီး subscription ကို cancel လုပ်ချင်တဲ့အခါမှာ Bank ကို ဖုန်းဆက်ရတာမျိုး၊ အလွယ်တကူ cancel လုပ်လို့မရတာမျိုးတွေကြုံနေရပါတယ်။

Swedish startup ကို ၀ယ်ယူတော့မယ့် Mastercard 1

၂၀၂၀ ခုနှစ်တုန်းက Mastercard က Finicity နည်းပညာ company ကို ၀ယ်ယူခဲ့ပါတယ်။ Third parties app တွေကို အသုံးပြုနိုင်တဲ့ app မျိုးဖြစ်ပြီး ငွေပေးချေတဲ့အခါမှာ အသုံးပြုသူတွေက အသစ်တစ်ဖန် ဘဏ် အချက်အလက်တွေကို ရိုက်ထည့်စရာမလိုပဲ လွယ်ကူအောင်ပြုလုပ်ပေးတဲ့ app ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာတော့ ငွေပေးချေတဲ့အခါ သမရိုးကျဘဏ်အချက်အလက်တွေကို ရိုက်ထည့်စရာမလိုပဲ လက်ဗွေစနစ်ဖြင့် ပိုက်ဆံပေးချေနိုင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Visa company ကလည်း payments တွေလုပ်တဲ့အခါ card information ကို ထည့်သွင်းစရာမလိုပဲ ဘဏ်ထဲက တိုက်ရိုက်ဖြတ်အောင် ပြုလုပ်ပေးနိုင်တဲ့ feature ကိုလည်း မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။

Exit mobile version