အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ Palmar Kelly က TikTok မှာ နာမည်ကြီးတဲ့ Influencer တစ်ယောက်လည်းဖြစ်ပါတယ်။ သူမက လက်ရှိမှာ Sugar Baby အနေနှင့်အလုပ်လုပ်ကိုင်ပြီး Sugar Baby တစ်ယောက်ရဲ့ဘ၀အကြောင်းကို အခုလိုပြောကြားခဲ့ပါတယ်။ Sugar Baby ဆိုတာကတော့ မီလီယံနာသူဌေးကြီးတွေက ငှားရမ်းပြီးအနားမှာ ဖျော်ဖြေပေးရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ ဖျော်ဖြေမှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Sugar Baby တစ်ယောက်ရဲ့ တစ်လစာကုန်ကျစရိတ်တွေကို သူဌေးကြီးတွေက တာဝန်ယူရပါတယ်။ ဥပမာ နေထိုင်စားသောက်စရိတ် အ၀၀ကို တာဝန်ယူရတာမျိုးပါ။
Palmar Kelly က အသက် ၁၉နှစ်အရွယ်မှာ ဖလော်ရီဒါမြို့ကတစ်ဆင့် နယူရော့ခ်မြို့ကို သရုပ်ဆောင်အလုပ်အဖြင့် လုပ်ကိုင်ဖို့ အိမ်မက်တွေတစ်ပုံကြီးနဲ့ လာခဲ့ပါတယ်။ အလုပ်အကိုင်တွေအများကြီးရှိပေမယ့် သူမစိတ်ဝင်စားတဲ့အလုပ်ကို တစ်ခုမှ မတွေ့ခဲ့ပါဘူး။ သာမန်လူတွေ လုပ်ကိုင်နေကြအလုပ်မျိုးက သူမရဲ့ စိတ်ဝင်စားမှုကို မရရှိခဲ့ပါဘူး။ ၂၀၁၆ ခုနှစ်မှာတော့ Website ကတစ်ဆင့် Sugar Daddy တွေကို ဆက်သွယ်ပြီးအလုပ်စလုပ်ခဲ့ပါတယ်။ Sugar Daddy တွေက သူမကဲ့သို့ Sugar Baby အများကြီးကို ခရီးထွက်တဲ့အခါ ခေါ်သွားတက်ပါတယ်။ ခရီးတစ်လျှောက်မှာ Sugar Baby တွေက ရင်းနှီးမှုတွေရရှိပြီး သူငယ်ချင်းတွေဖြစ်သွားတက်ပါတယ်။ လူတွေအမြင်မှာတော့ Sugar Baby အလုပ်က နိမ့်ကျပြီးမကောင်းဘူးလို့ ယူဆပေမယ့် သူမအတွက်ကတော့ ငွေကြေးဆိုင်ရာပြသနာတွေကို ပူစရာမလိုပဲ မိတ်ဆွေအသစ်တွေတိုးပွားတယ်လို့ ဆိုပါတယ်။ သူမခရီးတစ်ခုသွားတဲ့အခါတိုင်း လူတွေက သူမကို အထင်သေးတဲ့အကြည့်တွေနှင့် ကြည့်ခံရတယ်ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ Los Angeles မြို့ဆီကိုပြောင်းလာခဲ့ပြီး Tik Tok မှာတော့ Sugar Baby အကြောင်းတွေကို တင်လာခဲ့ပါတယ်။ ဒါ့အပြင် သူမက လိင်လုပ်သားတွေရဲ့ ဘ၀ကို ပြောပြပေးမယ့် အသံတစ်ခုလိုလည်း ဖြစ်ချင်ခဲ့ပါတယ်။
သူမရဲ့ အခက်အခဲဆုံးအပိုင်းကတော့ Comments မှာ ဆဲဆိုပြီးမကောင်းပြောကြတဲ့ လူတွေနှင့် ဆက်ဆံရတာပါပဲ။ တစ်ကယ့်လက်တွေ့မှာတော့ သူမရဲ့အလုပ်နဲ့ပတ်သတ်ပြီး မကောင်းပြောတဲ့လူမရှိပါဘူး။ Sugar Baby တစ်ယောက်ဖြစ်ဖို့အဓိက အရေးကြီးတာကတော့ Network ပဲလို့ သူမကပြောကြားပါတယ်။ ဒီအကြောင်းတွေကို Tik Tok မှာ Post တင်ရင်းနှင့် သူမရဲ့ Followers အများကြီးရရှိခဲ့ပါတယ်။ ဒါ့အပြင် အလုပ်ကိုင်အခွင့်အလန်းတွေလည်း တွေ့ရှိခဲ့တယ်ဆိုပါတယ်။ လူတွေကို သူမလုပ်နေတဲ့အလုပ်ကို မကောင်းတဲ့အလုပ်လို့ မမြင်စေချင်ပဲ ဒီအလုပ်လုပ်နေကြတဲ့ Sugar Baby တွေကိုလည်း မရှက်စေချင်ဘူးလို့ သူမကပြောကြားခဲ့ပါတယ်။ သူမကတော့ သူမလုပ်နေတဲ့အလုပ်ကို ဂုဏ်ယူတယ်လို့လည်း ပြောကြားခဲ့ပါတယ်။