Steam မှာ Video Recording ပြုလုပ်နိုင်မယ့် Feature ပါဝင်လာတော့မည်

Valve ဟာ Gamer များအတွက် Game ကစားနေရင်းနဲ့ Video Recording ပြုလုပ်နိုင်မယ့် Feature အသစ်ကို Steam မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

Video Recording Feature ကို လက်ရှိအသုံးပြုချင်ရင်တော့ Steam Beta Version မှာ စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ စမ်းသပ်ထားသူများရဲ့ ပြောပြမှုအရ Video Recording ကို နောက်ကွယ်မှာ ဖွင့်ထားပြီး Game များကို ဆော့ကစားနိုင်သလို အချိန်မရွေး အပိတ်အဖွင့် အလွယ်တကူ ပြုလုပ်နိုင်ဖို့ Hot Key တစ်ခု ပေးထားနိုင်မှာလည်း ဖြစ်ပါတယ်။ Audio Recording ပြုလုပ်ရာမှာ In-game လား၊ မိုက်လား အစရှိသည်ဖြင့် လိုချင်တဲ့ Audio ကို စိတ်ကြိုက်ရွေးချယ်ကာ Recording ပြုလုပ်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Valve ရဲ့ Steam အတွက် Video Recording Feature အသစ်ဟာ အရမ်းအသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပြီး လက်ရှိမှာ Beta အနေနဲ့ စမ်းသပ် အသုံးပြုနိုင်နေပြီ ဖြစ်တာကြောင့် မကြာတော့တဲ့အချိန်မှာ Public ထုတ်ပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Exit mobile version