Steam က Apple Silicon (M-Series Chip) Mac များ အတွက် တိုက်ရိုက် Support ပေးတော့မည်

Mac များအတွက် နာမည်ကြီး ဂိမ်းပလက်ဖောင်း တစ်ခုဖြစ်တဲ့ Steam က Apple ရဲ့ M-Series Chip များပါဝင်သော Mac များမှာ Rosetta 2 (Emulator) မလိုဘဲ တိုက်ရိုက် သုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

Steam က Apple Silicon (M-Series Chip) Mac များ အတွက် တိုက်ရိုက် Support ပေးတော့မည်

Steam Client Beta Version အရ “Steam Client နှင့် Steam Helper အက်ပ်များက Apple Silicon ပေါ်တွင် တိုက်ရိုက်အလုပ်လုပ်နိုင်တော့မှာ ဖြစ်ပြီး အရင်ကဆို Apple ရဲ့ ARM-based chip(M1, M2, M3) များပါဝင်သော Mac ပေါ်မှာ Steam app ကို အသုံးပြုချင်တယ်ဆိုရင် Intel app များကို အလုပ်လုပ်စေသော Rosetta 2 ကို မှီခိုနေရတာ ဖြစ်ပါတယ်။ Mac မှာ Steam Client Beta Version ကို စမ်းအသုံးပြုလို့ ရနေပြီး User အချို့ရဲ့ ပြောပြချက်အရ Native Support အသစ်ကEmulator တွေမခံပဲ တိုက်ရိုက်ဖြစ်လို့ သာမန်ဂိမ်းများ အတွက် ပိုမိုချောမွေ့ပြီး စွမ်းဆောင်ရည်ကောင်းမွန်လာတယ် လို့ဆိုပါတယ်။

ADVERTISEMENT
Exit mobile version