Steam ရဲ့ Families Feature အသစ်ကို အားလုံး သုံးနိုင်ပြီ

ဒီနှစ် အစောပိုင်းလောက်မှာ Steam က မိတ်ဆက်ပေးခဲ့တဲ့ မိသားစုအတွင်း Share လို့ရမယ့် Steam Families Feature ဟာ အခုဆိုရင် လူတိုင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Steam Families ဆိုတာ မိသာစုထဲရှိ Steam အသုံးပြုသူ အားလုံးဟာ Games များကို Library တစ်ခုထဲ အောက်မှာ တစ်ပြိုင်နက် အတူတကွ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ တူညီတဲ့ Game တစ်ခုထဲကို (၂) ယောက် တစ်ပြိုင်ထဲတော့ ဆော့ကစားလို့ မရပေမယ့် တစ်ယောက်ပြီး တစ်ယောက် ဆော့ကစားတဲ့ အခါမှာ အရှေ့လူနဲ့ အနောက်လူတို့ရဲ့ Game Play တွေဟာ သီးခြားစီ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုထဲရှိ အရွယ်ရောက်ပြီးသူများဟာ အရွယ်မရောက်သေးသူများအတွက် Game နဲ့ ပတ်သက်တဲ့ အရာများကို ဝယ်ပေးနိုင်အုံးမှာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသူများဟာ မိမိသဘောထားအတိုင်း Steam Families ထဲမှ ထွက်ချင်တယ်ဆိုရင် ထွက်နိုင်မှာ ဖြစ်သော်လည်း အရွယ်မရောက်သေးသူများကတော့ မိသားစုထဲမှ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ ခွင့်ပြုချက်အပြင် Steam ရဲ့ အကူအညီ ပါမှသာ Steam Families ထဲက ထွက်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ Valve’s ရဲ့ ရည်ရွယ်ချက်ကတော့ မိသားစုအချင်းချင်း သီးသန့်သာ အသုံးပြုဖို့ဖြစ်ပြီး Steam Families တစ်ခုကို ၆ ဦးနဲ့ အထပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version