Car Thing ကို ရပ်တန့်တော့မယ့် Spotify

Spotify ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ၎င်းတို့ရဲ့ ပထမဦးဆုံး Device ဖြစ်တဲ့ Car Thing ကို ရပ်တန့်တော့မှာ ဖြစ်ကြောင်း ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Spotify ရဲ့ Car Thing ကို လူတွေရဲ့ လက်ထဲ ထည့်ပေးခဲ့တာ ၃ နှစ်မျှသာ ရှိသေးပေမယ့် အခုမှာတော့ နောက်ဆုံးအချိန် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ Car Thing ဆိုတာဟာ သီချင်းဖွင့်တဲ့ စက်မပါတဲ့ ကားတွေမှာ သီချင်းဖွင့်ချင်တဲ့ ကားမောင်သမားတွေအတွက် သီချင်းဖွင့်နိုင်အောင် Soptify က ထုတ်ထားပေးတဲ့ Device တစ်ခု ဖြစ်ပါတယ်။ Car Thing ရဲ့ အားသာချက်ကတော့ Android Auto (သို့မဟုတ်) Apple CarPlay တို့မပါပဲ သီချင်းများကို တိုက်ရိုက် ဖွင့်နိုင်မှာ ဖြစ်သလို နောက်ပိုင်းမှာတော့ အသံနဲ့ပါ ထိန်းချုပ်နိုင်သည်အထိ Spotify က အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် အခုခေတ်မှာ ကားတိုင်းဟာ Android Auto (သို့မဟုတ်) Apple CarPlay ကို အသုံးပြုကာ သီချင်းများကို အလွယ်တကူ နားထောင်နိုင်နေပြီ ဖြစ်တာကြောင့် Car Thing ကို အသုံးပြုသူ မရှိသလောက်ကို နည်းပါးလာခဲ့ပြီ ဖြစ်ပါတယ်။ Car Thing ကို ရပ်တန့်ရတဲ့ အကြောင်းပြချက်ကို Spotify ဘက်က သေချာမထုတ်ပြောပေမယ့် အဖြေကတော့ သိသာထင်ရှားနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Spotify ရဲ့ Car Thing ဟာ ဒီနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ ပြီးရင်တော့ ထာဝရ ပျောက်ကွယ်သွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version