မကြာသေးမှီ က ကြေညာချက်တစ်ခုမှာ Music Streaming လောကရဲ့ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Spotify က သူ့ရဲ့ Standalone Live Audio App(Spotify Greenroom) ကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Spotify Greenroom လို့ လူသိများတဲ့ အဆိုပါ Application ကို Betty Labs ထံမှ Company က $62 million ဖြင့်ဝယ်ယူခဲ့ပြီး 2021 ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပါတယ်။
Spotify Greenroom ကို Spotify က ဒီနှစ်မှာ ပိတ်သိမ်းခဲ့သော်လဲ ၎င်းနှင့် ပုံစံတူ ပရိသတ် နဲ့ အနှပညာရှင်များ အကြား တိုက်ရိုက် ထိတွေ့ နားဆင်နိုင်မယ့် “listening parties” ဆိုတဲ့ Feature ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ Company က Standalone Live Audio App ကို Spotify ရဲ့ Main App မှာထည့်သွင်းခဲ့တာဖြစ်ပြီး ယခုချိန် အဆိုပါ Application ကို ဘာကြောင့်ပိတ်သိမ်း ရတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းကိုတော့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။