(၄) နှစ်လောက် ရှိပြီ ဖြစ်တဲ့ Lossless Audio ပါဝင်တဲ့ Spotify ရဲ့ Streaming Service HiFi ဟာ ဒီနှစ် အကုန်မှာ ရပ်တော့မှာဖြစ်ပြီး Tier အသစ်ဖြစ်တဲ့ Music Pro ကို အဆင့်မြှင့်တင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Tier အသစ်ဖြစ်မယ့် Spotify ရဲ့ Music Pro Streaming Service မှာ ပိုမိုကောင်းမွန်တဲ့ Lossless Audio စနစ် ပါဝင်မှာ ဖြစ်သလို တခြား Features အသစ်ဖြစ်တဲ့ Song Remixing နဲ့ ပွဲလက်မှတ်များကို Discount နဲ့ ဝယ်ယူနိုင်ခြင်းတို့ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ပွဲလက်မှတ် ဝယ်ယူခြင်းကို Grant Subscribers များမှာသာ ရရှိမှာ ဖြစ်ပြီး အရင်ဦးဆုံး အသုံးပြုခွင့်ရမယ့် Feature လည်း ဖြစ်ပါတယ်။
Spotify ရဲ့ Music Pro မှာ Features အသစ်များ တိုးလာသလို ပေးရမယ့် လစဥ်ကြေးကလည်း ၅ ဒေါ်လာမှ ၆ ဒေါ်လာအထိ ထပ်တိုးမှာ ဖြစ်ကြောင်း CEO Daniel Ek က တွက်ချက် ပြထားပါတယ်။ Spotify ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Apple Music မှာလည်း Lossless Audio စနစ် ရရှိနေပြီ ဖြစ်တာကြောင့် Spotify အနေနဲ့ လစဥ်ကြေး တိုးတာဟာ သုံးစွဲသူများအတွက် စဥ်းစားစရာ ဖြစ်လာနိုင်ပါတယ်။