Spotify က သုံးစွဲသူတွေကို ကိုယ်ပိုင် Playlist တွေကို ပိုပြီး Professional ကျကျ၊ ကိုယ်ကြိုက်သလိုဖန်တီးနိုင်မယ့် Feature အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ ဒီ Feature အသစ်ကတော့ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ်ကြားမှာ အလိုအလျောက် Transition တွေထည့်ပေးတာမျိုးအပြင် fade, rise, blend လိုမျိုး effect တွေနဲ့ ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီ Feature ကို ဘယ်လိုသုံးရမလဲ ဆိုတော့ အရင်ဆုံး ကိုယ် edit လုပ်ချင်တဲ့ playlist တစ်ခုကိုဖွင့်ပြီး toolbar ထဲက “Mix” ဆိုတာကို ရွေးလိုက်ပါ။ နောက်ပြီး Transition Style တွေပြောင်းနေတုန်းမှာ volume, EQ (Equalizer) နဲ့ တခြား effects တွေကိုလည်း ချိန်ညှိနိုင်ပါသေးတယ်။ ဒါ့အပြင် သီချင်းတစ်ပုဒ်ချင်းစီရဲ့ key နဲ့ BPM (beats per minute) ကို အလိုအလျောက်ဖော်ပြပေးမှာဖြစ်လို့ အသံပိုင်းဆိုင်ရာ mixing ကို အခုမှစလုပ်မယ့်သူတွေအတွက်တောင် လွယ်ကူစေမှာပါ။ Waveform ကိုကြည့်ပြီး သီချင်းရဲ့ ဘယ်နေရာမှာ transition စလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကိုတောင် ရှာဖွေနိုင်ပါသေးတယ်။

တခြား ဘာတွေလုပ်လို့ရသေးလဲ?
Toggle On/Off: ကိုယ်ဖန်တီးထားတဲ့ Mix ကို အချိန်မရွေး ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။ ပါတီပွဲပြီးသွားတဲ့အခါ ဒါမှမဟုတ် Gym ဆော့ပြီးသွားတဲ့အခါမျိုးမှာ ပုံမှန် playlist အတိုင်းပြန်နားထောင်ချင်ရင် “mix” option ကို ပိတ်လိုက်ရုံပါပဲ။
Share & Collaborate: ကိုယ် Mix လုပ်ထားတဲ့ Playlist ကို social media မှာ သူငယ်ချင်းတွေကို share နိုင်သလို၊ တခြား Premium သုံးစွဲသူတွေကို ဖိတ်ခေါ်ပြီး အတူတူ collaborate လုပ်ပြီး ဖန်တီးနိုင်ပါသေးတယ်။
Cover Art အသစ်: Mix လုပ်ထားတဲ့ playlist တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ sticker တွေ၊ label တွေနဲ့ ကိုယ်ပိုင် cover art ကိုလည်း စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။
Spotify ကတော့ ဒီ feature ဟာ house နဲ့ techno လိုမျိုး သီချင်းအကူးအပြောင်း ချောမွေ့အောင် ထုတ်လုပ်ထားတဲ့ သီချင်းအမျိုးအစားတွေနဲ့ အကောင်းဆုံး အလုပ်လုပ်တယ်လို့ အကြံပြုထားပါတယ်။ ဒီ feature ကို UK/US က Premium သုံးစွဲသူအများစုအတွက် စတင်အသုံးပြုနိုင်ပြီး ဖြစ်ပါတယ်။
Spotify ရဲ့ ဒီခြေလှမ်းက သာမန် Feature အသစ်တစ်ခုထည့်လိုက်တာထက် ပိုပါတယ်။ ဒါက သုံးစွဲသူတွေကို “နားထောင်သူ” အဆင့်ကနေ “ဖန်တီးသူ” (creator) အသေးစားလေးတွေအဖြစ် ပြောင်းလဲပေးလိုက်တာပါပဲ။ အထူးသဖြင့် ပြိုင်ဘက် Apple Music က မကြာခင်မိတ်ဆက်မယ့် “AutoMix” feature ကို တိုက်ရိုက်တုံ့ပြန်လိုက်တာဖြစ်ပြီး “ဘယ်သူက user တွေကို ပိုကောင်းတဲ့ listening experience ပေးနိုင်မလဲ” ဆိုတဲ့ ပြိုင်ဆိုင်မှုကို ပိုပြင်းထန်စေပါတယ်။ DJing ကို ဝါသနာပါတဲ့သူတွေ၊ gym မှာ ကိုယ်ပိုင် mix နဲ့ဆော့ချင်တဲ့သူတွေ၊ ဒါမှမဟုတ် ပါတီပွဲလေးတွေမှာ ကိုယ့် playlist ကို DJ mix လို အသံထွက်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကို မိုက်တဲ့ feature တစ်ခုပါပဲ။
ခြုံပြောရရင် Spotify က သီချင်းနားထောင်တဲ့ Platform တစ်ခုဆိုတာထက် လူမှုကွန်ရက်တစ်ခုလို၊ ဖန်တီးမှုနေရာတစ်ခုလို ဖြစ်လာအောင် တဖြည်းဖြည်းချင်း ပုံဖော်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။